Episode 25

201 27 6
                                    

Uni

နွေနေ၏ အပူရှိန်သည် မြေပြင်တစ်ခွင်လုံးသို့ နှံ့နှံ့စပ်စပ်ကျရောက်နေ၏။ မနက်၉နာရီထိုးလုပြီမို့ အချိန်စောသည်တော့ မဟုတ်။ လမ်းမတလျောက်က သစ်ပင်တို့သည် High wayကားကြီး သွားရာဆီသို့ ရွက်ဝါတွေကို ခြွေချရင်း နှုတ်ဆက်နေကြသည်။ သို့မှမဟုတ် ကားပေါ်ရှိ စာမေးပွဲဖြေကျောင်းသားလေးများအဖို့ ကံကောင်းစေမည့် မိုးတွေ ရွာချပေးနေသည်ပဲလား မပြောတတ်။

ကားကြီးသည် ကျောင်းဝန်းကျယ်ကြီး၏ တံခါးပေါက်ဆီသို့ ထိုးရပ်သွား၏။ သူ့နောက်မှာ နောက်ကားတစ်စင်းကလည်း ထိုးရပ်လာပြန်သည်။ ကျောင်းကြီးသည်ကား ခြောက်ကပ်ကပ်တော့ မဟုတ်။ 'အထက-၁' ဟု စာတန်းထိုးထားသည့် ဆိုင်းဘုတ်ကြီး၏ အောက်တွင်ပင် လူမနည်းမနော။ ကျောင်းဝန်းအပြင်ကို ကြည့်လိုက်လျှင် အဝတ်အစားရောင်စုံတွေနှင့် မိဘများကို တွေ့ရသလောက် ကျောင်းဝန်းအထဲတွင်တော့ အဖြူအစိမ်းကိုယ်စီနှင့် ပန်းပွင့်လေးများက ပျားပန်းခတ်နေ၏။

စာကြည့်တိုက်ရှေ့ရှိ ခုံတန်းပေါ်တွင်တင်ထားသော စာမေးပွဲနေရာချသည့် ကျောက်သင်ပုန်းကြီးကို ကြည့်၍ ကျောင်းသားတွေ ဟိုတစ်စု၊ဒီတစ်စုဖြင့် ကျောင်းရှေ့သို့ရပ်လာသော ကားကြီးနှစ်စီးအား အာရုံထားပြီး ကြည့်မိကြသည်။ မသိ၍ စူးစမ်းသော အကြည့်တွေတော့ မဟုတ်။ ကားကြီး၏ရှေ့တွင် 'ကြယ်ရောင်'ဟု စာတန်းကပ်ပြီးသားပေမို့ ဒါဟာ ကြယ်ရောင်မှ ကျောင်းသားတွေ စာမေးပွဲလာဖြေတာမှန်း အားလုံးသိလိုက်ကြ၏။ သို့သော် သိပြီးသားတောင်မှ အကြည့်မလွှဲနိုင်။

တံခါးပွင့်လာသည်။ အဖြူအစိမ်းဝတ်ထားသော ကျောင်းသား ကျောင်းသူများက နှစ်ယောက်တွဲစီဖြင့် အိန္ဒြေရရ ဆင်းလာကြသည်။ တချို့က မော်ချီနေသည်။ တချို့က အနည်းငယ်စိုးရိမ်နေဟန်ရှိသည်။ လွယ်အိတ်မပါ၊ ဘောပင်အစည်းလေးနှင့် ပေတံလေးကိုသာ ကျစ်ကျစ်ကိုင်၍ လာကြသည်ပင်။ လိုတရလည်း ကားပေါ်မှ ဆင်းလိုက်သည်။ စာမေးပွဲဖြေရတော့မည်မို့ အင်္ကျီလုံချည်အသစ်ဖြင့် သပ်ရပ်ရှင်းသန့်နေသော သူ့အသွင်အပြင်က လူငေးချင်စရာ။

Love Like Heaven (Completed)Where stories live. Discover now