Episode 170

218 23 18
                                    

Uni

"No one can rewrite the stars

How can you say you'll be mine

Everything keeps up apart

I am not the one you are mean to find"

ခုံပေါ်တင်ထားတဲ့ဖုန်းလေးက မြည်သံနှင့်အတူ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ လိုတက ဖုန်းကိုကောက်ယူလိုက်ကာ နံပါတ်ကိုကြည့်သည်။ သူ၏ ထိုင်းမှိုင်းနေသော မျက်ဝန်းများသည် ဖုန်းမျက်နှာပြင်မှ နာမည်ကိုတွေ့သည်နှင့် ချက်ချင်းတောက်ပသွားကာ တစ်ဖက်လူ ထပ်စောင့်မနေရရေးအတွက် အမြန်အဆန် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

လိုတ၏အသံက အနည်းငယ်တုန်ယင်နေသည်။ သူ့အသံတစ်ခုတည်းကတောင် သူ ဒီဖုန်းကို ဘယ်လောက်ထိစောင့်ဆိုင်းခဲ့လဲဆိုတာ ဖော်ပြနိုင်သည့်အထိပင်။

(ဟယ်လို သူပြန်လာပြီနော်။ အခုပဲ ကားဝင်လာတာတွေ့တယ်။ သူ့ကြည့်ရတာ ဘာမှ ထိခိုက်တာတော့ မတွေ့ပါဘူး။ နည်းနည်းလေးတော့ မူမမှန်ဘူးလို့ထင်ရပေမဲ့)

"မူမမှန်ဘူး?"

လိုတက စိတ်လှုပ်ရှားစွာ ရေရွတ်သည်။ ပိုင်ဥာဏ်ကို ဘယ်လိုမှ ဆက်သွယ်လို့မရခဲ့တာမို့ ကားပါကင်က လုံခြုံရေးဦးလေးကြီးတွေကို အကူအညီတောင်းထားခဲ့တာဖြစ်သည်။ ဦးလေးကြီးတွေက သူတို့ဆက်ဆံရေးကို သိထားကြတာမို့ လိပ်ပြာသန့်သန့်နဲ့ ကူညီကြသည်သာ။

(အရက်မူးလာသလိုပဲ။ ဒါပေမဲ့လည်း မူးနေတဲ့ပုံမရှိပါဘူး။ နည်းနည်းလေး ပင်ပန်းတဲ့ပုံပေါက်နေတာမျိုး)

"ဟုတ်"

လိုတက နားလည်စွာ ခေါင်းညိတ်သည်။ ပိုင်ဥာဏ်က အိပ်ရာထဲမှာအိပ်နေရင်းတောင် ရင်ခုန်ဖွယ်ကောင်းပြီး သပ်ရပ်နေတတ်တာမျိုးဖြစ်သည်။ သူ ဒီလိုပုံစံဖြစ်တာက ရှားပါးသည့်အတွက် လုံခြုံရေးဦးလေးကြီးတွေအဖို့ ဒါက ထူးခြားခြင်းတစ်ခု ဖြစ်သွားတာ ဖြစ်လိမ့်မည်။

"ကျေး.. ကျေးဇူးတင်ပါတယ်ဗျ။ ဒါဆို ကျွန်တော် သူ့ဆီသွားလိုက်ပါဦးမယ်"

(ဟုတ်ပြီ ဟုတ်ပြီ)

လိုတက တစ်ဖက်လူ၏အသံဆုံးသွားသည်နှင့် အမြန်ဖုန်းချကာ ထရပ်လိုက်သည်။ သူ့လက်ရှိအခြေအနေက အတော်ကြီး စိတ်လှုပ်ရှားလွန်းနေသည်။ သူ့နှလုံးသားသည် တစ်နေ့လုံး ပူပန်နေခဲ့ရတာဖြစ်ပြီး ယခုအချိန်ထိအောင်ပင်။ မနက်ကတည်းက အချိန်ကိုတွက်ကြည့်ရရင် အခုအချိန်က ည၁၀နာရီတောင် ထိုးနေပြီဖြစ်သည်။ သူ အလုပ်လုပ်ရင်း စိတ်ကိုဖြေဖျောက်နေရပေမဲ့ ဘယ်လိုမှ မလုပ်နိုင်။

Love Like Heaven (Completed)Donde viven las historias. Descúbrelo ahora