Uni
"အာ မငိုပါနဲ့တော့ကွာ"
လိုတရက စိတ်လေသည့်မျက်နှာထားဖြင့် တစ်ဖက်ရှိ ခန့်မင်းကျော်အား လှမ်းပြောသည်။ ခန့်မင်းကျော်က ဖုန်းဆက်ငိုရုံတင် အားမရလို့ Vd Callခေါ်ပြီးပါ ငိုသည်။ သူ့မျက်နှာကြီးက နှာတရှုံ့ရှုံ့နှင့် နှပ်ချေးတွေပင် လာစင်တော့မတတ် ခံစားနေရသည်။ လိုတရမှာ ရယ်လည်းရယ်ချင် ရယ်လည်း မရယ်ရက်။
"ငါ့ကို... ငါ့ကို သဘောမကျတာနေမှာကွ။ ငါတော်တော်ဝမ်းနည်းတယ်ကွာ။ သူက ငါ့ကို တကယ်သဘောမကျဘူးနေမှာ။ ကလေးမက ဆိုးလိုက်တာကွာ"
မျောက်မှိုင်မှိုင်ရင်း မထွက်သည့်မျက်ရည်ကို ဖျစ်ထုတ်နေသော ခန့်မင်းကျော်က တစ်သျှူးတစ်ထပ်ကို ယူရင်း နှာခေါင်းဆီကပ်ကာ ရှူးခနဲနှပ်ညှစ်သည်။ တစ်ဖက်က လိုတရ၏ မျက်နှာက ရှုံ့မဲ့သွားကာ
(မင်းကလည်းကွာ အကောင်းဘက်က စဉ်းစားစမ်းပါကွာ။ အဲ့လိုကြီး စိတ်ဓာတ်ကျမနေစမ်းပါနဲ့။ မှားပေးတာရော မဖြစ်နိုင်ဘူးလား)
"မှားပေးစရာလား လိုတရရဲ့။ ပုံကြီးနဲ့ကို အသေအချာပို့တာ သူမှားပို့တာဆို ပြန်ဖျက်သွားမှာပေါ့။ အခုက ပြန်လည်းမဖျက်ဘူး။ တမင်ပို့တာကွ တမင်ပို့တာ။ ငါ့မှာတော့ ချစ်လိုက်ရတာ ညီမလေးက တအားဆိုးတာပဲ ဟီး..အီး"
(ဟင်...)
တစ်ဖက်က လိုတရမျက်နှာက စပရိန်တွန့်ဖြစ်သွားသည်။ ဖြစ်လည်း ဖြစ်ချင်စရာပင်။ ခန့်မင်းကျော်က မျက်နှာဆိုးကြီးနှင့် မျက်ရည်လည်းမထွက်ဘဲ နှပ်တွေချည်းညှစ်ပြီး တဟီးဟီးအော်နေသည်။ သူတကယ်ခံစားနေရမှန်း သိပေမဲ့ နားညည်းတာလည်း အမှန်ပင်။
(ဖုန်းနဲ့ပဲ ပြောရအောင်ပါ ခန့်မင်းရယ် မင်းနှပ်ချေးညှစ်တာကြည့်ပြီး ငါ ထမင်းမစားနိုင်မှာစိုးလို့ပါ။ ဖုန်းနဲ့ပဲပြောမယ်နော်)
"မရဘူး"
အော်ထည့်လိုက်တာလည်း စူးခနဲ။
"ငါနဲ့ မျက်နှာချင်းဆိုင်ပြီး နေပေးစမ်းပါ။ ငါက ဝမ်းနည်းနေတဲ့ဟာကို ဒီလိုပြောမှ အားရမှာပေါ့လို့... အီးဟီး"
(ဟာ တော်ပါတော့ကွာ။ ဒီကောင် ပြောလည်း မရဘူး ခက်တော့တာပဲ။ ဇော်မြတ်က ဘယ်ရောက်နေလို့ ခန့်မင်းကျော်ကို မထိန်းတာလဲဟေ)
YOU ARE READING
Love Like Heaven (Completed)