Episode 29

182 20 0
                                    

Uni

မနက်ပိုင်းစာသင်ချိန်ပြီးတော့ ကန်တင်းကို သွားကြသည်။ နေ့လည်စာက ဘယ်မှာစားစား မထူးတာကြောင့် ကန်တင်းမှာပဲ အတူတူစားဖို့ ဆုံးဖြတ်လိုက်ကြခြင်းပင်ဖြစ်သည်။ ပိုင်ဥာဏ့်ကိုလည်း ဖုန်းဆက်ထားပြီးပြီမို့ ကန်တင်းက ဆိုင်တစ်ဆိုင်မှာသွားပြီး စောင့်နေရုံပင်။

လိုတရနဲ့ သက်လျာတို့ စားပွဲဝိုင်းတစ်ခုမှာ ဝင်ထိုင်လိုက်ကြသည်။ အမှန်အတိုင်းပြောရရင် စားချင်သောက်ချင်စိတ်ထက် အိပ်ချင်စိတ်က ပိုများနေသည်ပင်။ ဘာမှလည်း စားချင်စိတ်မရှိ။

"လိုတ ဘာဖြစ်လို့လဲ မှာလေ"

စာသင်ချိန်အချို့ကို ပြေးလွှားခဲ့ပြီးသည့်နောက် အတန်အသင့်ရင်းနှီးလာပြီဖြစ်သည့် ရည်မွန်က ပြောလာသည်။ လိုတရ ကျေးဇူးတင်စွာဖြင့် ခေါင်းခါလိုက်၏။

"ငါ ဒီမနက်မှ ရန်ကုန်ရောက်တာ။ အဲ့တာ နည်းနည်းပဲအိပ်ရသေးလို့ထင်တယ်။ စားချင်စိတ်မရှိဘူး"

"ဟင် မင်းကဒီမနက်မှ လာတာလား။ ဘာလို့ကြိုမလာထားတာလဲ"

"ငါ့မိဘတွေက ဝန်ထမ်းတွေလေ။ အဲ့တာ ရုံးမှာလည်း ကိစ္စလေးရှိနေတာနဲ့ ခွင့်ကြိုယူလို့မရဘူးဖြစ်နေတာ။ အဲ့တာကြောင့်ကွာ... ငါ့မှာမနက်ကတည်းက အိပ်ချင်နေတာ"

လိုတရက ပြောရင်းဆိုရင်းသမ်းဝေလိုက်သေး၏။ မျက်တောင်ရှည်ကြီးတွေမှာ မျက်ရည်စတွေတောင် ဝေ့ချင်သည်။ စာသင်ချိန်တွေတုန်းကလည်း ခေါင်းပြုတ်ကျမတတ် ငိုက်နေမိသေး၏။ လူက ချောမောသန့်ပြန့်နေသလောက် အိပ်ချင်နေတာက တော်တော်ကြီးဆိုးသည်။ လိုတရ နောက်တစ်ကြိမ်ထပ်သမ်းလိုက်ကာ

"ပိုင်ဥာဏ်ကလည်း ရောက်မလာသေးဘူးကွာ။ ကြာလှပြီ"

"ဘာကြီး? ဘယ်သူ... ပိုင်ဥာဏ်လို့ပြောလိုက်တာလား"

လိုတရ ကိုယ့်ဘာသာ ညည်းတွားရင်းပြောလိုက်သည်ကို သက်လျာက အလန့်တကြားဝင်မေးလာသည်။ လိုတရ အနည်းငယ်ကြောင်အသွားသည်။ သေချာစဉ်းစားရရင် သက်လျာတို့နှစ်ယောက်ကလည်း မော်လမြိုင်က၊ ပိုင်ဥာဏ်ကလည်း မော်လမြိုင်သားမို့ အချင်းချင်းသိနေကြတာလည်း ဖြစ်နေနိုင်သေးသည်။

Love Like Heaven (Completed)Where stories live. Discover now