Episode 112

162 13 5
                                    

Uni

ရုံးတက်ချိန်ဖြစ်၍ ရှင်းလင်းနေသော ကော်ရစ်တာ၌ ဒေါက်ဖိနပ်သံတဂွက်ဂွက်က အဆက်မပြတ် ထွက်ပေါ်လာသည်။ အသံပိုင်ရှင် မိန်းမလှသေးသည် အဖြူရောင်ဒေါက်ဖိနပ်နှင့် လှလှပပ နင်းလျှောက်နေတာဖြစ်သည်။ ပိတုန်းရောင် နက်မှောင်နေသော ဆံနွယ်အရှည်တို့အား အနောက်မှာ ဒီအတိုင်း စီးချထားကာ မျက်နှာပေါ်ကို တစ်မျှင်မှ ကျဆင်းမလာရေးအတွက် ရှင်းရှင်းလင်းလင်းဖြီးသင်ထားသည်။ ကျော့ရှင်းသောမျက်နှာမှာ အပြုံးတစ်ပွင့်တင်နေပြီး ခပ်ရင့်ရင့်နှုတ်ခမ်းနီအရောင်က မြင်သူတိုင်းကို နှစ်ခါပြန်ငေးစေသည်။

အညိုရောင်ကုတ်အင်္ကျီကို ပေါ့ပေါ့ပါးပါးပင် ဝတ်ဆင်ထားကာ အထဲက နို့နှစ်ရောင်လက်ရှည်အင်္ကျီက သူမနှင့် စတိုင်ကျလွန်းလှသည်။ ကုတ်နှင့်တစ်ရောင်တည်းဖြစ်သော ဘောင်းဘီက ပေါင်တံသွယ်သွယ်တို့ထိ ကပ်ကပ်ရပ်ရပ်ကျသွားပြီးမှ ဒူးအောက်ပိုင်းမှာ ခပ်ပွပွဖြစ်သွားသည်။ ဒေါက်ဖိနပ်အမြင့်နှင့်တွဲဖက်လိုက်သောအခါ သူ့တစ်ကိုယ်လုံးက မကြည့်ချင်စရာမရှိ။

Agent Teamဆိုသည့် သစ်သားပြားလေးအောက်မှ တံခါးကို အလွယ်တကူပင် ဖွင့်လိုက်ကာ အထဲသို့ ဝင်သွားလိုက်သည်။ အထဲမှာ appointmentမရှိသော ဝန်ထမ်းသုံးယောက်လောက်ရှိနေသည်။ မိန်းကလေးနှစ်ယောက်နှင့် ယောကျ်ားလေးတစ်ယောက်ဖြစ်သော်ငြား ထိုသုံးယောက်စလုံးက လမ်းလျှောက်ဝင်လာသည့် သူ(မ)ကို တမေ့တမော ငေးကြသည်။

သူကတော့ ဘာကိုမှဂရုစိုက်ခြင်းမရှိဘဲ အခန်းကျယ်ကြီးထောင့်မှ သီးသန့်ရုံးခန်းသေးသေးလေးဆီ လျှောက်သွားကာ တံခါးခေါက်သည်။

"ဟုတ်ကဲ့ ဝင်ခဲ့ပါ"

ကြည်ကြည်လင်လင်အသံက တံခါးကို ဖြတ်၍ ထွက်လာသောအခါ ဟန်၏အပြုံးလေးများက ပို၍ချိုသာသွားသည်။

"မောင်လေးရေ"

တံခါးကိုဖွင့်ရင်း ခေါင်းလေးပဲ တိုးဝင်သွားသော သူ့ပုံစံက အဟုတ်ပင် ချစ်စရာ။ လိုတရမှာတော့ Laptopဆီမှ အကြည့်လွှဲလိုက်သည့်အခါ ခေါင်းပဲတိုးဝင်လာသည့် သူ့အစ်မကို မြင်တော့ ဟက်ဟက်ပက်ပက်ရယ်မိသည်။

Love Like Heaven (Completed)Место, где живут истории. Откройте их для себя