Uni
"မိုးကြည်ကြည်ခိုင်ကို ငါ ဘယ်လိုနားလည်ရမလဲတောင် မသိတော့ဘူးကွာ"
မနက်စာစားရင်း ခန့်မင်းကျော်က ထပြောသည်။ ဘယ်ကဘယ်လို ဆက်စပ်ပြီး တွေးမိသွားသည်တော့မသိ။ သူတို့ ဝိုင်းဖွဲ့ပြီး ပြောနေကြတဲ့အထဲမှာ မိုးကြည်ကြည်ခိုင်အကြောင်းလည်း မပါမိပါ။
"ဟျောင့် ဘယ်လိုဖြစ်ပြီး မိုးကြည်အကြောင်းထပြောနေတာလဲ။ အစမရှိ အဆုံးမရှိ"
ဇော်မြတ်က ပဲဝါလေးထမင်းကို ဇွန်းအပြည့်နှင့်ခပ်စားလိုက်ရင်း ပလုတ်ပလောင်း ပြောလာသည်။ ခန့်မင်းကျော်က သူ့ဘာသာသူ ခေါင်းခါလိုက်ကာ
"မဟုတ်ဘူးကွ။ မင်းတို့ပဲ စဉ်းစားကြည့်။ သူကလေ အရမ်းအေးစက်နေတယ်မထင်ဘူးလား။ မသိရင် ကျောက်တုံးလိုပဲ။ ပြုံးတာပဲရှိတယ် ရယ်တာတောင် မရှိဘူးကွာ။ နောက်ပြီး လန့်တာတို့ ကြောက်တာတို့ ငါတို့တစ်ခါမှလည်း မမြင်ဖူးဘူးလားလို့ပဲ။ ငါတော့ သူ ဘယ်လိုအသက်ရှင်နေထိုင်လဲဆိုတာ ဘယ်လိုမှကို နားမလည်ဘူး"
"ဟုတ်တော့ဟုတ်သား။ ဒါပေမဲ့ အဲ့တာက သူ့ပုံစံလေ ခန့်မင်းရာ။ သိပ်မထူးဆန်းပါဘူး။ လောကမှာ လူပုံစံတွေများမှများဟာကို။ မင်းကထူးဆန်းနေသေးတယ်"
လိုတရက ခပ်အေးအေးဝင်ပြောပေမဲ့ ခန့်မင်းက သဘောမကျသလို ခေါင်းခါသည်။
"မဟုတ်သေးပါဘူးကွာ။ သူ့ပုံစံက အသက်ရှင်တာတောင် သေချာလားမသိဘူး။ ဟိတ်ကောင်တွေ မိုးကြည်က လူမဟုတ်ဘဲ သွေးစုတ်ဖုတ်ကောင်ဆို ဘယ်လိုလုပ်မလဲ"
ခန့်မင်းကျော်က လက်ထဲကဇွန်းကိုချရင်း ကျန်တဲ့လေးယောက်မျက်နှာတွေကို လိုက်ကြည့်ကာ ပြူးတူးပြဲတဲ။
"ခန့်မင်းကျော်... မင်းလိုတရဲ့ သရဲစာအုပ်တွေ ငှားဖတ်တာများသွားပြီ"
"အပိုတွေ လဒရယ် အဲ့လိုသာဆို မင်းသေတာကြာပေါ့"
ပိုင်ဥာဏ်နှင့် လွင်ဟိန်းတို့၏ ထေ့လုံးငေါ့လုံးတို့က ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။ ခန့်မင်းကျော်က နှုတ်ခမ်းဆူလိုက်ကာ
"ငါက စိတ်ပူလို့ ပြောပြတာကို... မဟုတ်သေးဘူးကွာ ငါတစ်ခုခုတော့ လုပ်ရမယ်"
KAMU SEDANG MEMBACA
Love Like Heaven (Completed)