Uni
ညက ပြင်းပြင်းထန်ထန်အိပ်မပျော်မှုကြောင့် မနက်နိုးလာတော့ သူ့ခေါင်းတွေကိုက်နေသည်။ ကံကောင်းသည့်တစ်ချက်က ဒီနေ့စနေနေ့ဖြစ်သည်။ နုံးချိ၍ မလန်းမဆန်းဖြစ်နေသော ခန္ဓာကိုယ်အား ကုတင်ပေါ်မှ အပြင်းအထန် ထူမလိုက်ရင်း သူ ခဏလောက်ငြိမ်နေမိသည်။ နာရီကိုကြည့်တော့ မနက်၁၁နာရီပင် ရှိချေပြီ။
"ဪ နိုးလာသေးတယ်လား။ ငါက သေပြီထင်နေတာ"
ဇော်မြတ်က ဘေးကုတင်မှာ ဖုန်းကိုင်နေရင်း ပြောလာသည်။ ဖုန်းဆီကိုသာ အာရုံရောက်နေသည့် ဇော်မြတ်က ခန့်မင်းဆီတစ်ချက်မှ လှည့်မကြည့်။ ခန့်မင်းကျော် လျစ်လျူရှုခံရသလို ခံစားလိုက်ရသဖြင့် ရှုံ့မဲ့ကာ ဇော်မြတ်ဆီ ပြေးကပ်သည်။
"ဟျောင့် မင်းသိလား။ ငါညတုန်းက ဘယ်လိုအိပ်အိပ် အိပ်ကိုမပျော်ဘူးဟ။ စိတ်တွေလည်း ညစ်ပါတယ်ကွာ။ အခုလည်း ခေါင်းတွေထိုးကိုက်နေပြန်ပြီ။ မင်းအမေပေးလိုက်တဲ့ အားဆေးလေးတစ်လုံးလောက် ပေးပါဦး"
ပေးပါဦးဟုသာ တောင်းနေတာ ခန့်မင်းကျော်လက်က ဇော်မြတ်ကိုကျော်၍ ကုတင်ခေါင်းရင်းမှာထားသော အားဆေးဘူးဆီရောက်နေပြီးဖြစ်သည်။ ဆေးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ရင်း ရေအိုးစင်ရှိရာ အခန်းထောင့်နားထသွားတော့ ဇော်မြတ်က ခန့်မင်းကျော်၏ ကျောပြင်ကိုကြည့်ကာ မသက်မသာ ခေါင်းရမ်းသည်။ ဒီကောင် ဒီလိုဖြစ်နေတာ အတော်ကြာပေပြီ။ နဂိုကမှ ပိန်ပိန်ရှည်ရှည်ခန္ဓာကိုယ်က ဒီအတိုင်းဆို လဲတော့မှာ မြင်ယောင်သေးသည်။ နောက်ပြီး အခုတလော ဒီကောင်စာလုပ်တာလည်း သူ မမြင်မိ။
"နေပါဦး မင်းက ညဘက်အိပ်မပျော်ရအောင် ဘာတွေများ ပူပင်သောကတွေရှိနေလို့တုန်း"
ဇော်မြတ်က ၉တန်းကို လွန်ကတည်းက အမြဲမျက်မှောင်ကျုံ့တတ်လာသည်။ အခုလည်း အေးစက်စက်လေသံနှင့်မေးနေတာ စိတ်ပူမှန်းမသိ၊ စိတ်တိုမှန်းမသိ။ ခန့်မင်းကျော်ကတော့ ရေအိုးစင်ဆီမှပြန်လာရင်း သူ့ခေါင်းသူကုတ်ကာ ပြုံးနေသည်။
"ငါ... ချစ်မိသွားပြီကွ"
ရင်ဘတ်ပေါ်လက်တင်ရင်း စပ်ဖြီးဖြီးနှင့်ပြောနေသော ခန့်မင်းကျော်အား ဇော်မြတ် အဆောင်ပေါ်က ကန်ချချင်စိတ်ပင်ပေါက်မိသည်။ သူကတော့ မိသားစုအရေးကိစ္စ ပြဿနာဟုထင်ကာ စိတ်ပူနေခြင်းကို တကယ့်အဖြေက ဒီလောက်ပေါချာနေသည်တဲ့လား။ ခန့်မင်းကျော်ကို အပြစ်တင်ဖို့ စကားလုံးတွေက လည်ချောင်းထဲမှ အစီအရီတက်လာပြီးမှ ပြန်မျိုချခြင်းခံလိုက်ရသည်။ တကယ်တမ်းတော့ ချစ်ခြင်းသည် ပေါချာချာကိစ္စမဟုတ်။ ပေါ့ပါးသော ကိစ္စလည်း မဟုတ်။ ဤအကြောင်းကို ချစ်ဖူးသူများသာ သိပေလိမ့်မည်။ သူလည်း သိခဲ့ပြီးသားပင်။ ထို့ကြောင့် ခန့်မင်းကျော်ကို သူ စာနာသည်ဟု ပြော၍ရမည်။ ဤသို့ဖြင့် သူ၏နှုတ်ထွက်စကားများသည် တစ်မျိုးပြောင်းသွားကာ
ВЫ ЧИТАЕТЕ
Love Like Heaven (Completed)