Uni
"ပိုင်ဥာဏ် ငါတို့ဝင်လာပြီနော်"
"အင်း"
သက်လျာတို့ တံခါးဝမှ ဝင်လာချိန် ပိုင်ဥာဏ်က ဧည့်ခန်းမှာထိုင်နေတာဖြစ်သည်။ Laptopတစ်လုံးကို ရှေ့ချကာ ကော်ဖီတစ်ခွက်နဲ့ ပိုင်ဥာဏ်က အလုပ်လုပ်နေသည့်ပုံပင်။
"အဲ... လိုတရော"
သက်လျာက မဝံ့မရဲမေးသည်။ အစကတည်းက PCကိုပဲ အာရုံစိုက်နေခဲ့သော ပိုင်ဥာဏ့်မျက်ဝန်းတွေက လိုတဟူသည့်အသံကိုကြားတော့ လှုပ်ရှားသွားသည်။
"သူ အိပ်နေသေးတယ်လေ"
"ဟင် အခုတင် ၈နာရီခွဲနေပြီလေ။ လိုတက ခါတိုင်း၆နာရီထတာမဟုတ်ဘူးလား"
သက်လျာက အံ့ဩတကြီးဖြစ်သွားသည်။ လိုတနဲ့ မတွေ့ရတာကြာပြီဆိုပေမဲ့ လိုတက ခါတိုင်းဆို ၆နာရီနိုးနေကျဖြစ်သည်။ ဒါက မပြောင်းလဲသည့် လိုတ၏ စည်းမျဉ်းပင်။ အခု သူတို့က ၈နာရီခွဲမှ ဒီကိုရောက်လာတာတောင် လိုတ၏ အရိပ်မပြောနဲ့ အသံတောင် ကြားရတာမျိုးမရှိ။ သက်လျာက အေးခဲနေသည့် ပိုင်ဥာဏ့်ပုံစံကိုကြည့်ကာ လိုတကို သတ်ပြီး အလောင်းဖျောက်ထားတာများလားလို့တောင် ကြောင်တောင်တောင်နဲ့ တွေးမိလိုက်သေးသည်။ ကြည့်ရတာ ဒီရက်ပိုင်း သူ ဝတ္ထုတွေဖတ်တာ များပြီထင်သည်။
"အဲ့တာတော့ ငါက ဘယ်သိမလဲ"
ပိုင်ဥာဏ်က အေးအေးလူလူပြောကာ သူ၏လက်ချောင်းများကို pcအပေါ်သို့ ဟန်မပျက်ရွေ့လျားနေသည်။ သူ့ပုံစံကြည့်ရတာ အရှေ့ကလူနှစ်ယောက်ကို ဧည့်သည်ဟု မခံယူထားသည့်ပုံပင်။ သက်လျာက စူပုတ်ပုတ်နှင့် သူ့ဘေးက ခင်ပွန်းလောင်းကို လှမ်းကြည့်လိုက်သည်။ ခန့်မင်းကလည်း သက်လျာစကားကို နားလည်သည်။ ထို့ကြောင့် တံတွေးမျိုချကာသာ ဝင်ပြောလိုက်ရသည်။
"ဟျောင့် ပိုင်ဥာဏ်။ ငါတို့ လိုတကို ဝတ်စုံရွေးတဲ့ဆီကို ခေါ်သွားမလို့။ အဲ့တာ..."
"ငါမင်းကို အိမ်ရိပ်မနင်းနဲ့လို့ ပြောထားသလားပဲ"
ပိုင်ဥာဏ်က ခန့်မင်းစကားမပြီးသေးခင် ဖြတ်ပြောသည်။ ခန့်မင်းကျော်က ထိုစကားကိုကြားပြီးနောက် အလွန်အင်မတန် စိတ်ထိခိုက်သွားသည့်ဟန် လုပ်ကာ သက်လျာကို ကြည့်သည်။
YOU ARE READING
Love Like Heaven (Completed)