Episode 191

230 19 23
                                    

Uni

ပစ္စည်းရွှေ့ရတာ ဘာမှမပင်ပန်းပေ။ လိုတ တိုက်ခန်းမှာ နဂိုကတည်းက ပစ္စည်းတွေ နည်းနည်းလေးပဲရှိတာဖြစ်သည်။ ပိုင်ဥာဏ့်တိုက်ခန်းထဲ အကုန်စုထည့်ရတော့ ပိုင်ဥာဏ်ကပဲ ရှေ့က ဦးဆောင်ပြီး လုပ်ပေးသွားသည်။ ပစ္စည်းတွေ သယ်တဲ့ရွှေ့တဲ့နေရာမှာ ပိုင်ဥာဏ့်အားနဲ့မို့ ခဏလေးပဲကြာသည်။ တီရှပ်တစ်ထည်ကို အောက်က ဘာမှမခံဘဲ ဝတ်ထားသည်မို့ အကုန်လုံးပြီးစီးသည့်အချိန်၌ ပိုင်ဥာဏ့်တစ်ကိုယ်လုံးလည်း ချွေးတွေနှင့် ရွှဲနေသည်။ မို့မို့မောက်မောက်ရင်အုပ်ကြီးနှင့် အဖုအထစ်တို့နှင့်ပြည့်စုံနေသော ခန္ဓာကိုယ်က လုံးဝ အကြည့်မလွှဲချင်စရာ။

ပစ္စည်းတွေအကုန်ရွှေ့ပြီးတော့ လိုတက ပိုင်ဥာဏ့်ကို ရေတစ်ခွက်ကမ်းပေးလာသည်။ ပိုင်ဥာဏ်က ထိုရေကို မော့သောက်နေရင်း ဆိုဖာပေါ်ထိုင်ချလိုက်သည်။ လိုတပါ ဘေးမှာဝင်ထိုင်လိုက်တော့ နှစ်ယောက်သား၏ အခြေအနေက နီးနီးကပ်ကပ်ရှိသွားသည်သာ။

"ဒီည ပြန်ကြမှာမလား"

"အင်းပေါ့ ဒီညပြန်ကြမယ်လေ။ မင်းက မပြန်ချင်လို့လား"

"မဟုတ်ပါဘူး ငါက မင်းပင်ပန်းနေရင် မနက်ကျမှ သွားဖို့ ပြောမလို့။ နောက်ပြီး ညကြီးဆိုတော့..."

လိုတက ပြောနေရင်း မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်သည်။

"ညကြီးဆိုတော့ သွားရလာရတာ အဆင်မပြေဘူးလားလို့"

"အဲ့တာဆို မင်းက နောက်ထပ်နေ့တစ်ဝက် အလုပ်ပျက်မလို့လား"

ဒီလိုဆိုတော့လည်း လိုတက အလုပ်ပျက်ချင်ပုံမပေါ်ပေ။ တိုက်ခန်းကိစ္စကြောင့်သာမဟုတ်ရင် နေ့လယ်ထမင်းစားချိန်ကတည်းက ဟိုကို ပြန်သွားခဲ့ပြီဖြစ်သည်။ အခုတော့ အချိန်က ညပိုင်းကို လျှင်လျှင်မြန်မြန်ခုန်ကူးသွားသည်။

"သွားချင်တယ်မလား သွားချင်ရင်ထ။ ညဘက်ကြီး ဘာမှမဖြစ်ဘူး။ ငါ တစ်ယောက်လုံးရှိတယ်"

ထဆိုတော့လည်း ပိုင်ဥာဏ်ကိုယုံစားရင်းပဲ ထလိုက်ရပြန်သည်။ လိုတကတော့ ဘာမှထပ်ပြင်စရာမရှိတော့ပေ။ မနက်က ဝတ်ထားသည့် အတိုင်းလေးနှင့်ဆိုတော့ တစ်ကိုယ်လုံး နွမ်းလျနေသည်။ သူ့မှာ ရေတောင်ချိုးချိန်မရှိသေး။ ပိုင်ဥာဏ်ကတော့ သူ့တီရှပ်ကို တခြားတစ်ထည်နဲ့လဲဝတ်ကာ ဂျာကင်တစ်ထည်ကို ကောက်စွတ်လိုက်ပြီး တိုက်ခန်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။ လက်တစ်ဖက်ကလည်း သူ့ဝသီအတိုင်း ကားသော့ကို တရမ်းရမ်း။

Love Like Heaven (Completed)Where stories live. Discover now