Uni
နေသည် အုံ့မှိုင်းတွဲဆက်နေသော တိမ်တိုက်များအကြားမှ ပြူတစ်တစ် ထွက်ပေါ်လျှက်ရှိသည်။ လှလှပပ ဖြာထွက်နေသော သူ၏ ရောင်စဉ်တန်းများသည် ကုမ္ပဏီ၏ မှန်တံခါးချပ်ပေါ်သို့ တိုက်ရိုက်ကျရောက်သည်။ တံခါးသည် အပြင်ဘက်ရှိ တစ်စုံတစ်ယောက်၏ ရုတ်တရက်ဆန်စွာ ဆွဲဖွင့်ခြင်းကို ခံလိုက်ရသည်။
ပွင့်သွားသော တံခါးချပ်၏နောက် နေအလင်းတန်းတွေသည် အပေါက်ဝရှိ တစ်စုံတစ်ယောက်ဆီမှာသာ စုပုံနေတော့သည်။ မြေညီထပ်ရှိ စာရေးမလေးတွေသည် အပေါက်ဝဆီသို့ မျက်စိကျင့်သားရအောင်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများက တဖြည်းဖြည်းပွင့်ဟ သွားကြတော့သည်။
အထဲသို့ တစ်လှမ်းချင်း ဝင်လာသူသည် Suitအပြည့် ဝတ်ဆင်ထားကာ ဖြူဖွေးကြည်စင်နေသော အသားအရည်ကို ပိုင်ဆိုင်ထားသည်။ ဘာမှမလိမ်းထားသည့် မျက်နှာပြင်ထက်မှာနေ၏အလင်းရောင်ကြောင့် သန့်စင်တောက်ပနေသည်။ မျက်နှာအသားအရေက ယောကျ်ားလေးပီပီ အနည်းငယ် မညီမညာဖြစ်ရမည့်အစား ချောမွတ်ကြည်လင်နေ၏။ နေရောင်ထိုးမိသော မျက်တောင်ဖျားများမှာ ရွှေနီရောင်အလင်းများဖြာထွက်လျက် နတ်သားလားဟုတောင် ရင်သပ်ရှုမော ထင်ရလောက်သည်။
မြေညီထပ်ရှိကောင်မလေးများ ပါးစပ်ဟနေချိန် သူတို့၏ နတ်သားလေးမှာတော့ နာရီတကြည့်ကြည့်နှင့် ဓာတ်လှေကားဆီပြေးဝင်သွားပြီဖြစ်သည်။
လိုတက သူဝတ်ဆင်ထားသော ဝတ်စုံကို တစ်ချက်ပြန်ငုံ့ကြည့်လိုက်ကာ လေပူကို ဟူးခနဲ မှုတ်ထုတ်သည်။ ကြပ်ထုပ်နေတာ မဟုတ်သော်ငြား fix sizeဖြစ်လွန်းသည့် ဝတ်စုံကြောင့် အနည်းငယ် မသက်မသာ ခံစားနေရသည်။ သူက ဘယ်မှာဖြစ်ဖြစ် ပွပွလွလွသာ ဝတ်ဆင်တတ်သူ။
ပြောင်လက်နေသော ရှူးဖိနပ်ဆီ အကြည့်ရောက်မိတော့ ခြေဖမိုးအပါအဝင် တစ်ကိုယ်လုံးပါ ယားယံလာသလို ခံစားလာမိသည်။ သူ့အဖြစ်က မိန်းမငယ်လေးတစ်ယောက် မိတ်ကပ်နဲ့ နေသားမကျသလို အူကြောင်ကြောင်ဖြစ်နေသည်။ ဂျာကြီးဦးသီဟ သွေးထိုးပေးလို့သာ ဝတ်ရသည်။ တကယ်တမ်းတော့ ပုဆိုးနဲ့ကော်လာအင်္ကျီနဲ့ဆို ပိုအဆင်ပြေသည်။ ဂျာကြီးဦးသီဟကတော့ ဖက်ရှင်ကျသူပီပီ ဒါဒါကြီးနဲ့သူ့ကို အဆင်းမှာ ဘီးတပ်ပေးလိုက်သည်ပင်။
KAMU SEDANG MEMBACA
Love Like Heaven (Completed)