Episode 4

449 40 0
                                    

Uni

"လွင်ဟိန်း ရရဲ့လား မင်း"

"ငါရပါတယ်"

လွင်ဟိန်းက ရပါတယ်သာပြောသည်။ တစ်ကိုယ်လုံး ခေါက်ဆွဲဖတ်လို ပျော့ခွေနေသည်။ ဇော်မြတ် လွင်ဟိန်း၏ ခန္ဓာကိုယ်ကို တွဲလာပေးရင်း အရှေ့ကို လှမ်းကြည့်လိုက်သည်။ ခေါင်းပေါ်က နေကလည်း ပူလွန်းသည်။ ၃နာရီ ၄နာရီဖြစ်နေတာကို နေက ခေါင်းပေါ်က မဆင်းသေး။ နီးကပ်လာသည့် အဆောင်အပေါက်ဝကို ကြည့်ရင်းဖြင့် ဇော်မြတ်က သက်ပြင်းချ၏။

"လှေကားတက်ရဦးမှာ လွင်ဟိန်း။ မင်း ဖြစ်တာရော သေချာရဲ့လား"

"ငါ... ငါခဏနားဦးမယ်"

အသံယဲ့ယဲ့ထွက်လာတာကြောင့် ဇော်မြတ် အနီးရှိလှေကားထစ်ကို လေနှင့် ဖူးခနဲ မှုတ်ထုတ်လိုက်ကာ ဖုန်တွေကို ရှင်း၏။ ပြီးနောက်မှ တွဲလာရသည့် လွင်ဟိန်းကို ဖင်ချထိုင်စေရင်း

"လိုတရ သိရင်တော့ မင်းကိုဆူတော့မှာပဲ။ အဲ့တာပြောတာ နည်းနည်းပါးပါး ဆင်ခြင်တာ မဟုတ်ဘူး"

"မင်းကလည်းကွာ ငါ့ကိုဆူနေတာ ၂၂ခေါက်ရှိပြီ။ လူမမာကို ညင်သာမယ်မရှိဘူး"

လွင်ဟိန်းက သူ့မျက်မှန်အကြီးကြီးကိုပင့်လိုက်ရင်း ရွာသားလေသံဝဲဝဲနှင့် ခပ်ပျော့ပျော့ပြန်ပြောလာသည်။ လူမမာဆိုတာလည်း မှန်နေတာမို့ ဇော်မြတ် ပြောချင်သည့်စကားတို့ကို မျိုချကာ မျက်စောင်းတထိုးထိုး။

"ရပြီ ငါအမောပြေပြီ"

"ပြီးရော လာ။ ထနိုင်လား မဟုတ်ရင် ငါမင်းကို ချီသွားရမလား"

"ငါ့ဖင်ကြီးကိုချီ။ ငါ ထနိုင်တယ်ဟ"

လွင်ဟိန်းက ရွာကလာသူဖြစ်၍ စကားပြောရင် အနည်းငယ်ဝဲချင်သည်။ သူ့လေသံက ဆဲနေရင်တောင် ရယ်စရာကောင်းသည့် လေသံမျိုးမို့ ဇော်မြတ်က စိတ်ခုသွားတာမျိုးတောင် မဖြစ်။ တုန်တုန်ယင်ယင်ဖြင့် အားယူထနေသော လွင်ဟိန်းကို လက်မောင်းမှ ဆွဲဆတ်ထူလိုက်တော့ လွင်ဟိန်းက အော်သည်။

"အမလေး သေပါပြီကွာ မင်းနှယ် ငါ့ကို နည်းနည်းပါးပါး ညင်သာစမ်းပါကွ မင်းကလည်း"

Love Like Heaven (Completed)Where stories live. Discover now