Episode 152

203 20 6
                                    

Uni

"၁၁၅နဲ့ ၁၂၈နဲ့ပေါင်းတော့ ဘာလဲ"

လွင်ဟိန်းက ပိုက်ဆံအထပ်နှစ်ခုကို ခွဲကိုင်ထားသည့် လက်အားကြည့်ကာ လိုတဘက်ကို လှည့်လာသည်။ လိုတက မျက်လုံးပြူးပြီး ခေါင်းခါပြတော့ ခန့်မင်းဘက်ကို ဆက်လှည့်ကြည့်၏။ ခန့်မင်းက အထွေအထူးတွေပြောမနေ။ သူ့ဖုန်းထဲက calculatorကိုသာ ဖွင့်ပြီး လွင်ဟိန်းဆီ ထိုးပေးလိုက်တော့သည်။

"အား ခေါင်းကိုရှုပ်နေတာပဲ။ ငါတို့ရမဲ့ပိုက်ဆံလည်း မဟုတ်ဘဲနဲ့"

လွင်ဟိန်းက ပိုက်ဆံထပ်တွေကိုပစ်ချကာ ညည်းညူပါလေတော့သည်။ ပြီးနောက် အသီးလေးခွံ့လိုက် ဖျော်ရည်လေးတိုက်လိုက်နှင့် ချိုမြိန်နေကြသော စုံတွဲဆီ မျက်စောင်းထိုးသည်။ သူတို့အကုန်လုံးက ခန်းမက ပြန်လာပြီးနောက်ပိုင်း မနားနိုင်သေးဘဲ လက်ဖွဲ့ငွေ ကူတွက်ပေးနေကြတာဖြစ်သည်။ ခန့်မင်းဘက်က အမျိုးတွေက သိပ်မလာနိုင်ပေမဲ့ သက်လျာဘက်က လက်ဖွဲ့ငွေနဲ့တင် တကယ်မှ အများကြီး။

ပြန်ရောက်ကတည်းက တိုက်ပုံတောင်မလဲနိုင်ဘဲ ထိုင်တွက်နေရတော့ လွင်ဟိန်း ပေါက်ကွဲတာလည်း သဘာဝကျသည်ပင်။ သတို့သားနဲ့သတို့သမီးကတော့ အဝတ်အစားလဲပြီး နေ့လည်ခင်းမှာ သာသာယာယာဖြစ်နေကြသည်။ ခန့်မင်းက ရှပ်တစ်ထည်ကို ပူအိုက်နေသလိုမျိုး ကြယ်သီးနှစ်လုံးဖြုတ်ဝတ်ထားကာ သက်လျာက လက်ပြတ်ဂါဝန်အပွလေးနှင့် ဘေးမှာထိုင်နေသည်။ ခန့်မင်းကျော်က ဂဏန်းပေါင်းစက်တစ်ခုကို လူအထင်ကြီးအောင် ရှေ့မှာချထားပြီး ပိုက်ဆံလေးငါးရွက်လောက်ရေလိုက်၊ သူ့ဇနီးလေးခွံ့ကျွေးတဲ့ စပျစ်သီးလုံးလေး ဝါးလိုက်။

သက်လျာကလည်း ပိုက်ဆံတွေကို စာအိတ်တွေထဲက ထုတ်ပေးနေတယ်သာပြောတာ။ တစ်အိတ်လောက်ထုတ်ပေးလိုက်။ သူ့ယောကျ်ားပုခုံးကိုမှီပြီး တစ်ခုခုကိုခပ်တိုးတိုးပြောလိုက် ရယ်လိုက်၊ စားလိုက် သောက်လိုက်။ ဒါနဲ့တင် သံသရာလည်နေသည်။ ဒီလင်မယားနှစ်ယောက်တည်းသာ ငွေတွက်လို့ကတော့ ကလေးတစ်ယောက်ရပြီးရင်တောင် ပြီးနိုင်မည့်ပုံမပေါ်ပေ။

"လွင်ဂျပု ဘာကြည့်တာလဲ။ ငါ့ဟာငါသာယာနေတာကို လာပြီး မျက်စောင်းကြီး တခဲခဲနဲ့"

Love Like Heaven (Completed)Where stories live. Discover now