Uni
ပစ် ကောင်းကင်တမျှကို ၂၀၂၁ ဒီဇင်ဘာမှာ စရေးခဲ့တာ ဖြစ်ပုံရပါတယ်။ ပစ်က ခုနှစ်တွေ မမှတ်မိပေမဲ့ နိုဝင်ဘာ ဒီဇင်ဘာ... လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ရေးခဲ့မှန်းတော့ သိနေပါသေးတယ်။ အဲ့တုန်းက တီချယ်စွဲက အပိုင်း၂၀၀ ရေးမလားလို့ မေးလာတယ်။ သူ အစကနေအဆုံး သင်လည်းပေးမယ် ကလေးဘက်က ရေးရုံပဲ stress တော့များမယ်တဲ့
စာရေးတာနဲ့ ပတ်သက်ရင် ပစ်မှာ အကြောက်တရားကြီးကြီးမားမားမရှိပါဘူး။ ပစ်လုပ်နိုင်မယ်လို့ ထင်တာနဲ့ လက်ခံလိုက်တာပဲ။ ၃ လအတွင်း အပိုင်း ၂၀၀...
ပစ် အဲ့တုန်းက အလုပ်မရှိ အကိုင်မရှိပါ။ ဒါတောင် တစ်နေ့သုံးပိုင်းလောက်ရေးရမှာ အင်မတန်ပင်ပန်းတာပါ။ မနက်မိုးလင်းကနေ မိုးချုပ် ဒီအကြောင်းပဲတွေးခဲ့ရတဲ့နေ့တွေပေါ့။ တီချယ်ကလည်း ဖုန်းတွေဆက်ပြီး သင်ပေးတယ်။ plot ချတာက အစ ဘာကဘယ်လိုပေါ့နော်
ပစ်ရဲ့ ကောင်းကင်တမျှဆိုတဲ့နာမည်က တီချယ်နဲ့ပတ်သက်ပြီးသိတဲ့ သာသာတစ်ယောက်ပေးတာ။ ပစ်ပေးခဲ့တဲ့ နာမည်က Love Like Heaven။ ချယ်က မြန်မာလိုပေးကြည့်ပါဦးဆိုတော့ ကောင်းကင်တမျှဆိုတဲ့ နာမည်လေးကိုပဲ ယူလိုက်တာ။
သုံးလထဲမှာ ပစ် ငိုတယ်။ ရယ်တယ်။ လိုတရက ပစ်ကိုပူးကပ်သွားလား ထင်ရတယ်။ သူ မွန်းကြပ်တဲ့အကြောင်းရေးတဲ့နေ့ဟာ ပစ် အသက်ရှူ မဝတဲ့နေ့ပဲ။ သူငိုရင် ကိုယ်ပါ လိုက်ငိုရတယ်။ သူမငိုလည်း ကိုယ်ငိုရတာပဲ။ Word file နဲ့ရေးပြီး သေချာ save ပါရက်နဲ့ ရေးပြီးသားတွေ ပျက်ပျက်ကုန်လို့ ဝမ်းပမ်းတနည်းငိုတာ။
Stress များတော့ မေမေက ပြောတယ်။ သမီးရယ် ဒီလောက် ပင်ပန်းတာ သမီးမပျော်ရင် မလုပ်နဲ့တော့တဲ့။ ပစ် လက်လျှော့နိုင်ပါတယ်။ ချယ်ကလည်း အတင်းဖိအားမပေးထားဘူး။ ဒါပေမဲ့ ဇာတ်လမ်းတစ်ခုကို ဆုံးအောင်တော့ ရေးမှပေါ့လို့ စိတ်ထဲဝင်လာတာနဲ့ ခေါင်းမာမာနဲ့ ဆက်ရေးတော့တာပဲ
ပစ်လေ တစ်ယောက်တည်းရေးခဲ့ရတာ။ တင်လည်းမတင်ရသေးတော့ ပစ်ဘေးမှာ ဘယ်စာဖတ်သူမှ မရှိဘူး။ ပစ် ပင်ပန်းတဲ့အကြောင်းတွေ ရင်ဖွင့်လိုက်ချင်တာလေ... Rewrite the stars သီချင်းတွေနားထောင်၊ အပိုင်း၂၀၀ ပြည့်အောင်စဉ်းစားရင်း ညနက်သွားတဲ့နေ့တွေ။ တချို့နေရာတွေမှာ တမင်ဆွဲရေးထားတယ်လို့ ထင်ကောင်းထင်ကြမှာပါ။ ပစ်ဝန်ခံပါတယ် ဒါပေမဲ့ ပစ် တတ်နိုင်သမျှ ပစ်လက်နဲ့ လှမ်းမီနိုင်သမျှ အကုန် ပေးခဲ့ပါတယ်။ ရေးခဲ့ပါတယ်။ ဒီလို ဝတ္ထုအရှည်မျိုး ပစ်ပချာကွန်ဆီက နောက်ထပ်ထွက်လာဖို့ဆိုတာ မဖြစ်နိုင်လုနီးပါပဲထင်ပါရဲ့။
ESTÁS LEYENDO
Love Like Heaven (Completed)