Episode 122

147 12 0
                                    

Uni

"ဘာအရင်သင်မှာလဲ"

ညီအစ်ကိုနှစ်ယောက်သား မီးဖိုချောင်ထဲမှာရပ်၍ ဒယ်အိုးနီလေးကို ဝိုင်းကြည့်မိကြသည်။ နှစ်ယောက်စလုံး၏ အမူအရာတွေက ပြူးတိပြူးကြောင်။ အမေတစ်ယောက်က သမီးတစ်ယောက်ကို ဟင်းချက်သင်ပေးတာကလည်း ဟုတ်သေးသည်။ ဒါကြီးကတော့ နည်းနည်းကသိကအောက်နိုင်လွန်းသည်။

လိုတက သူ့လည်ပင်းသူပွတ်ကာ သွားစွယ်တွေပေါ်လာအောင်ရယ်သည်။

"မသိဘူးလေ ကိုကြီးခွန်ရာ တစ်ခုခုပေါ့။ ဥပမာ လွယ်လွယ်ရတဲ့ဟာတွေ ဘာတွေ"

ကိုကြီးခွန်၏ သူ၏ မုတ်ဆိတ်မွေးစစကိုပွတ်၍ စဉ်းစားသည်။ လွယ်လွယ်ရသည့်ဟာတွေက တော်တော်လေးများသည်။ တကယ်တမ်းတော့ အကုန်လုံးက လုပ်တတ်ရင် လွယ်သွားတာပင်။ ဒါပေမဲ့ အချိန်တိုတိုနဲ့ ချက်နိုင်မဲ့ဟာတွေကတော့ နည်းပါးသည်။ ဒါကလည်း ရွှေအိုးကြီးကြိုက်သည့်ဟင်း ဖြစ်ပါဦးမှ။

ကိုကြီးခွန်က စဉ်းစားရကျပ်လာဟန်တူသည်။ သက်ပြင်းတစ်ချက်ချကာ ခေါင်းကုတ်သည်။

"မင်းကလည်း... ဖုန်းထဲမှာဟင်းချက်နည်းတွေ အများကြီးရှိတာပဲကို။ တစ်ခုလောက်ကြည့်ချက်လိုက်ပေါ့ကွ"

"ဟာဗျာ ကိုကြီးခွန်ကလည်း။ အဲ့လိုကြည့်ရုံနဲ့တင် တတ်လို့ကတော့ အကုန်လုံး စားဖိုမှူးတွေဖြစ်ကုန်ပြီပေါ့ဗျ။ နည်းကြည့်ရုံနဲ့ မတတ်လို့ပေါ့"

"ဟော... အဲ့ဒီမှာနည်းကြည့်တာနဲ့ ဒီမှာနည်းကြည့်တာနဲ့ တူတူပဲလေ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရတာပဲကို"

လိုတက ခေါင်းမာမာနှင့် ငြင်းဆိုသည်။

"No ကိုကြီးခွန် ချက်တာကိုကြည့်တာ ပိုမှတ်မိလောက်တယ်"

ကိုကြီးခွန်မျက်နှာ မဲ့ရွဲ့သွားသည်။ အရင်တုန်းကတော့ ကိုယ်ချက်နေတဲ့အချိန် ခဏလေး လာကူခိုင်းတာတောင် ဝေးဝေးထွက်ပြေးခဲ့သည့် ငတိလေးက အခုတော့ ကိုကြီးခွန်ချက်တာကိုကြည့်မှ တတ်မည်လေး ဘာလေးနှင့်။ ကိုကြီးခွန်မှာ တစ်ယောက်ယောက်ကို ဟင်းချက်သင်ပေးရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးသည်မို့ ကမောက်ကမတွေဖြစ်နေသည်။ သို့သော် မသင်ပေးဘူးလို့လည်း မငြင်းရက်။ ဒီရွှေအိုးကြီးကို တစ်သက်လုံး အလိုလိုက်လာတာ အခုမှတော့လည်း အကျင့်တွေ ပါကုန်ပြီဖြစ်သည်။

Love Like Heaven (Completed)Where stories live. Discover now