Uni
စက္ကန့်လက်တံ၏ မြည်သံတချက်ချက်ကို ကြားနေရသည်။ အခန်းထဲရှိ အမျိုးသားနှစ်ယောက်သည် သူတို့၏ဖုန်းကို ကြည့်ဟန်ဆောင်နေသော်ငြား ဖုန်းရှိနာရီသို့လည်းကောင်း၊ နံရံရှိ နာရီသို့လည်းကောင်း မသိမသာ ကြည့်နေကြသည်သာ။ လက်တံအတိုသည် ငါးမိနစ်ဟူသောအချိန်ကာလကို ဖြတ်သန်းနေဆဲဖြစ်ပြီး ထိုငါးမိနစ်ပြည့်ရန် တစ်မိနစ်စွန်းစွန်းသာ ကျန်ပေတော့သည်။
ပြင်ညီသည် တကယ်မှ ဟုတ်ပါ့မလားဟူသော အတွေးဖြင့် ပိုင်ဥာဏ်ကို မော့ကြည့်သည်။ ပိုင်ဥာဏ်က ဟန်မပျက်ဖြစ်နေသော်လည်း စိတ်အတွင်းထဲကမူ ကလိကလိဖြစ်နေသည်။ လိုတက သူ လုပ်ခဲ့သည်ကိုသိလျှင် ဘယ်လိုခံစားရမလဲဟု သူသိချင်သည်။ ကျိန်းသေတာကတော့ လိုတက တံခါးကို ကန်မိမတတ် ဒေါသထွက်သွားလိမ့်မည်။
ဟိုတစ်နေ့က စွာတာတာပုံစံနဲ့ တံခါးကိုကန်လိုက်မည့်ပုံရိပ်ကို မြင်ယောင်သည့်အခါ ပိုင်ဥာဏ် ရယ်ပင်ရယ်ချင်လာသည်။ သို့သော် ပြုံးစိစိဖြစ်နေသော သူ့နှုတ်ခမ်းများကို အမြန်အဆန်ပင် ထိန်းချုပ်ထားလိုက်ရသည်။ ကန်ခံရမှာ တံခါးမဟုတ်ဘဲ သူကိုယ်တိုင်လည်း ဖြစ်နေနိုင်သေးသည်။
"၁၀"
ရုတ်တရက်ကြီး ထရေလိုက်သော ပြင်ညီကြောင့် ပိုင်ဥာဏ်က 'ဘာလဲ'ဆိုသည့်အကြည့်နှင့် ထကြည့်သည်။ ပြင်ညီကတော့ ပိုင်ဥာဏ်ကို ဂရုမစိုက်ပေ။ လက်ပတ်နာရီကို နီးနီးကပ်ကပ်ကြည့်ကာ ဆက်၍ ရေတွက်နေဆဲ။
"၈"
"၇"
"၆"
နှစ်သစ်မှာ စက္ကန့်တွေရေတွက်သလိုမျိုး ပြင်ညီက ခပ်တည်တည် ရေတွက်နေသည်။ ပြင်ညီ့ရေတွက်သံကြောင့် နဂိုက တည်ငြိမ်နေသည့် ပိုင်ဥာဏ့်နှလုံးသားတောင် စတင်ပြီး ဖြည်းဖြည်းချင်း လှုပ်ခတ်လာရသည်။ မသိလျှင် ကစားပွဲတစ်ခု ကစားနေကြသကဲ့သို့...
"၃"
"၂"
"Dee... Deee"
"အယ်"
ငါးမိနစ်မပြည့်ခင် တစ်စက္ကန့်အလို၌ တဒီးဒီးထမြည်လာသောဖုန်းကြောင့် နှစ်ယောက်သား မျက်လုံးချင်းဆုံမိသွားသည်။ ဖုန်းသည် သူတို့ရှေ့၌ပင်ရှိကာ Contact Nameကို အထင်းသားမြင်နေရသည်။
YOU ARE READING
Love Like Heaven (Completed)