Uni
လိုတရက သူ၏ အဝတ်အိတ်ကို ဆွဲယူလိုက်သည်။ ဇစ်ကိုဖွင့်ကာ အပြင်မှ အဝတ်အစားအလုံးအထွေးကြီးများအား တစ်ပါတည်းထည့်၏။ ခေါက်မနေ။ သူ အဲ့ဒီလောက်အချိန်ရပေ။ ခြင်ထောင်ကြိုးကို ဖြတ်ပြီး အိပ်ရာပေါ်လုံးတင်သည်။ ထို့နောက် ဖျာကိုပါလိပ်၍ ကုတင်ခေါင်းရင်းတွင် ကပ်ထားလိုက်သည်။ လက်နှစ်ဖက်မှာကပ်နေသည့် ဖုန်တွေကိုခါလိုက်ရင်း ကိုယ့်နေရာကိုယ် ပြန်ကြည့်လိုက်သည်။ မဆိုး။ ရှင်းလင်းနေသည်။
အပြင်ရောက်နေသည့် သွားပွတ်တံ၊ ရေခွက်များကို အိတ်ထဲ ထည့်သိမ်းလိုက်သည်။ ပြန်လာမှ ယူလာတော့မည်။ ဒီလောက်ဆို ပြီးပြီဖြစ်သည်။ ဒီထက်ပိုပြီး လုပ်စရာမရှိတော့။
"လိုတ မင်း အိပ်ရာကို အဲ့လိုထားခဲ့မှာပေါ့"
တစ်ဖက်မှာ အိပ်ရာသိမ်းနေသည့် ဇော်မြတ်က လှမ်းမေးသည်။ လိုတရက ခေါင်းညိတ်ပြလိုက်၏။
"အေးလေ ဘာလုပ်ဖို့ အိမ်ပြန်ယူတော့မှာလဲ။ ၇ရက်တည်းပဲဟာ။ ဘာမှလုပ်မနေနဲ့။ ဒီတိုင်းသာ လိပ်ထားခဲ့"
လိုတရ၏ ပို့ချချက်အား ကျန်သည့်လေးယောက်က တသွေမတိမ်းနားထောင်ကြသည်။ သူတို့လည်း သူတို့၏ အိပ်ရာခင်းတွေကို ဒီအတိုင်း လုံးထွေးလိပ်ထားလိုက်ကာ နှဖူးမှ ကျလာသည့် ချွေးတို့ကို သုတ်သည်။
"မောလိုက်တာကွာ။ ကျောင်းက Surpriseတိုက်တာပဲ"
"အေးလေ ကျောင်းစတက်ရုံရှိသေး။ ဆရာမက ကျောင်းထဲဝင်လာပြီး နင်တို့မိဘတွေငါခေါ်ထားတယ်ဆိုတော့ လန့်သွားတာ"
"အေးလေ ငါဆို ငါတို့လုပ်ခဲ့တာတွေ အုပ်ကြီးသိသွားပြီလို့တောင် မှတ်တာ"
လွင်ဟိန်းကပါ သူ့မျက်မှန်အကြီးကြီးကို ပင့်၍ အသံဝဲဝဲနှင့် ဝင်ပြောလာသည်။
"ပြီးမှ... သီတင်းကျွတ်၇ရက်ပိတ်ပေးမယ် အထုတ်တွေမြန်မြန်ယူပြီး လစ်ကြပါတော့တဲ့ ဟားဟား"
"အေးလေကွာ ငါဆိုလည်း ဘာများလဲလို့ တကယ်။ ပိတ်တာတော့ ကောင်းတာပေါ့။ ဆရာမက အစက မပိတ်ဘူးလို့ ပြောထားတာဆိုတော့ အဲ့တာကို ဘယ်လိုမှမစဉ်းစားမိလိုက်တာ"
ВЫ ЧИТАЕТЕ
Love Like Heaven (Completed)