Episode 89

160 18 0
                                    

Uni

"လိုတ လိုတ... ကိုကြီးရယ် အခု ပန်းခြံမှာ ရောက်နေပြီတဲ့"

"ဟမ်"

ကြားလိုက်ရသည့်စကားကြောင့် လိုတရ ခေါင်းနားပန်းကြီးသွားသည်။ အခု သူတို့က ကျောင်းကန်တင်းမှာ ထိုင်နေတာဖြစ်သည်။ ကျောင်းဖွင့်ရက်ကြီးဖြစ်သလို ပိုင်ဥာဏ်နှင့် ရည်မွန်လည်း သူတို့နားမှာ ရှိနေသည်။ အခုလောလောဆယ် ပိုင်ဥာဏ်က သန့်စင်ခန်းသွားနေတာပေမဲ့ ရည်မွန်က သူတို့နှစ်ယောက်အနား ရှိနေသေးသည်။ သက်လျာမှာ စကားပြောချင်တာတောင် လိုတရကို ခပ်တိုးတိုး ကြိတ်ပြောရသည့်အနေအထား။

ဒီလိုအနေအထားမှာ ဘယ်လိုလုပ်ပြီး ပန်းခြံကို ထွက်သွားဖို့ ဖြစ်မှာလဲ။ ခန့်မင်းကျော်တော့ ရူးသွားပြီထင်သည်။ ကျောင်းဖွင့်ရက်ကြီးကို မပြောမဆိုနဲ့ ရောက်ချလာသည်။ လိုတရ ဖုန်းကို အမြန်ဖွင့်ကာ သက်လျာဆီ စာရိုက်လိုက်သည်။ တိုးတိုးတိုးတိုးနှင့် ဆက်ပြောနေလျှင် ရည်မွန်ကတောင် တစ်မျိုးထင်လာလိမ့်မည်။ ရည်မွန်က ပိုင်ဥာဏ်လောက် ဥာဏ်မပြေးပေမဲ့ အကဲခတ်နိုင်စွမ်းတော့ ရှိသည်ပင်။

{ဘာလဲ။ အဲ့အကောင်က မပြောမဆိုနဲ့ ရောက်လာတာလား။ အဲ့တာကလည်း ကျောင်းဖွင့်ရက်ကြီးကိုလေ။ အကျိုးနည်းပဲ သက်လျာရေ}

{လိုတရယ် ဒီနေ့က သူ့မွေးနေ့လေ။ အဲ့တာကြောင့်နေမှာဟဲ့။ မတတ်နိုင်ဘူး။ ငါကတော့ သွားတွေ့မှာပဲ}

သက်လျာက မကြောက်မရွံ့ စာပြန်ပို့လာသည်။ လိုတရမှာ ထိုစာကိုမြင်ပြီး ခေါင်းကိုက်ချင်သလိုလိုတောင် ဖြစ်သွားသည်။ ခန့်မင်းကျော်က မကွေးကနေ တကူးတကလာသူမို့ ချက်ချင်းပြန်လွှတ်လိုက်ဖို့ မဖြစ်မှန်း လိုတ နားလည်ပါသည်။ သို့သော် ခန့်မင်းကျော်ကို တစ်နေရာအရင်သွားခိုင်းလိုက်ပြီး ကျောင်းဆင်းမှတွေ့လည်း အဆင်ပြေတာပဲမဟုတ်လား။

ပန်းခြံက ဘတ်စ်ကားတစ်မှတ်တိုင်စီးရုံနဲ့ ရောက်သည်မို့ အဝေးကြီးမဟုတ်ပေ။ ပိုင်ဥာဏ်သာ ရိပ်မိပြီး လိုက်လာနိုင်ခဲ့လျှင် သုံးယောက်စလုံး ရေဝေးကို မျက်စောင်းထိုးကြရမှာ အသေအချာ။

Love Like Heaven (Completed)Where stories live. Discover now