Episode 14

218 23 0
                                    

Uni

"ဆောင်းကွ"

အပြင်သို့ ထွက်လိုက်သည်နှင့် လွင်ဟိန်းက တခုတ်တရ ချီးကျူး၏။ ယခင်က စိမ်းမြနေခဲ့သော အပင်တို့သည် ယခုတော့ ဝါကျင့်ကျင့်အရွက်တွေနှင့် နေသားကျနေလေပြီ။ ခပ်ပါးပါးအထည်တို့သာ ဝတ်ဆင်ခဲ့သော သူတို့မှာလည်း ယခုတော့ အနွေးထည်ထူထူကိုယ်စီတို့ဖြင့်။ မဝတ်လို့လည်း မရပေ။ ဆောင်းသည် အတော်ကြီးနက်ရှိုင်းစွာပင် သူတို့ဆီ လှမ်းလာခဲ့ပြီ မဟုတ်ပါလား။ မနက်ခင်းစာကျက်ချိန်တွင် နေရောင်နွေးနွေးထဲ၌ စကားပြောလိုက်တိုင်း အငွေ့တထောင်းထောင်းဖြင့်။

ဆရာကြီးက သူတို့ကို အပြင်ထွက်ပြီး စာကျက်ခွင့်ပေးထားတာ တော်သေးသည်။ မဟုတ်လျှင် စာသင်ခန်းအေးစက်စက်ကြီးထဲ၌ ရေခဲတုံးတွေဖြစ်သွားနိုင်သည်။ ဆောင်းက ဆောင်းပီသချက်မှာ ညနေပိုင်းတွေ ရေချိုးချင်စိတ်တောင် မရှိ။ ယခုလည်း နေရောင်နွေးနွေးလေးထဲ၌ ငုပ်တုပ်လေးတွေထိုင်နေကြကာ စာကျက်သလိုလိုနှင့် နေပူဆာလာလှုံနေတာဖြစ်၏။ အနွေးထည်ထူထူကြီးတွေ ကိုယ်စီဝတ်ထားကြပြီး တစ်နေရာတည်း စုပြုံထိုင်နေကြပုံက ကြောင်လုံးလုံးများ နေပူဆာလာလှုံနေသကဲ့သို့...

"အေးကွာ အေးလိုက်တာလည်း လွန်ပါရော။ ဒါပေမဲ့ ညတော့ အိပ်ကောင်းတယ်ကွ။ ရှယ်ပဲ"

ခန့်မင်းကျော်က သဘောတကျပြောသည်။ လိုတရက ဆောင်း၏ အသွင်အပြင်ကို ကြည့်ရင်း ပြုံးနေသည်။ ဘာကိုတွေး၍ ပြုံးနေသည်မသိတော့ ဇော်မြတ်က လိုတရကို ပုခုံးနှင့်ပစ်တိုက်လိုက်ကာ

"ဟိတ်ကောင် ကောင်မလေးက ဘဲတစ်ယောက်တောင် ရသွားပြီလား မသိဘူး။ မင်းက ခံစားနေသေးတယ်"

"မဦးမချွတ် ကိုကိုတွတ်ရယ်... မဟုတ်ပါဘူး မဦးမချွတ်ပါ ဇော်မြတ်ရယ်။ ဖွဟဲ့ လွဲပါစေ။ ဘာကိစ္စ သူက ဘဲရရမှာလဲ"

"ဟာ ဟုတ်တယ်လေ မင်းပဲ ရည်းစားမဖြစ်လိုက်သေးခင် ကျောင်းပြန်ဖွင့်လို့ ရည်းစားစကားမပြောခဲ့ရဘူးဆို"

"အဲ့တာက အဲ့တာပေါ့။ အဲ့ဒါနဲ့ပဲ ဘဲရစရာလား"

"ဟိတ်ကောင် မိန်းကလေးဆိုတာမျိုးက အနေဝေးရင်သွေးအေးတတ်တယ်ကွ။ ယောကျ်ားလေးလည်း အတူတူပဲ။ နွေရာသီကျရင် ပြန်ဆက်မယ်တွေဘာတွေလုပ်မနေနဲ့ အသစ်ထပ်ရှာ"

Love Like Heaven (Completed)Where stories live. Discover now