Episode 68

173 20 4
                                    

Uni

"သက်လျာရော ရည်မွန်"

ကျောင်းအပေါက်ဝမှာ ခါတိုင်းလိုဆုံကြတော့ သက်လျာက ပါမလာဘဲ ရည်မွန်တစ်ယောက်တည်းရောက်လာသည်။ အမောတကောပြေးလာခဲ့သည့် ရည်မွန်က လွယ်အိတ်ကိုဆွဲရင်း ပုခုံးတွန့်ကာ

"ညကကိစ္စနဲ့ ဖျားနေတယ်လေ။ မပြောချင်ဘူး။ အဲ့တာနဲ့ အဆောင်မှာ နားနေတယ်"

"ဟေ သူအဲ့လောက်တောင် ဖြစ်သွားတာလား"

"အေးဆိုနေ။ ဒါနဲ့ မင်းတို့ ညတုန်းက ပြန်သွားတော့ ဘာဖြစ်ကြသေးလဲ"

ရည်မွန်ကတော့ သရဲအကြောင်းကိုပဲ ဦးတည်မေးတာဖြစ်သည်။ သို့သော် လိုတရမှာ ညကအတူတူအိပ်ရသည့် ကိစ္စနှင့် ပရိတ်ကြိုးစွပ်ပေးသည့် ကိစ္စကို ပြန်တွေးမိ၏။ အခုထိ မဖြုတ်ရသေးသော ပရိတ်ကြိုးဆီ ငုံ့ကြည့်မိရင်း ရှက်သွေးက ဖြန်းခနဲထသွားသည်။ ညတုန်းကဆိုရင် ကုတင်နှစ်လုံးပူးထားတာပေမဲ့ နှစ်ယောက်သားက ပူးကပ်အိပ်ခဲ့ကြတာပင်။ သရဲကြောက်လို့ဆိုတာ မှန်ပေမဲ့ ပိုင်ဥာဏ်နဲ့ နီးနီးကပ်ကပ်နေခဲ့ရတာကို သူ ရင်မခုန်ဘဲ မနေနိုင်ပါ။ တစ်နေကုန်ပင်ပန်းထားတာသာ မဟုတ်ရင် မနေ့ကတစ်ညလုံး အိပ်ပျော်မှာ မဟုတ်တော့။

မနက်နိုးလာတုန်းကလည်း နှစ်ယောက်သားက တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ရောက်နေသည်။ လိုတက အစောကြီးနိုးလို့ အသာလေးရှောင်ထွက်လို့ရတာ တော်သေးသည်။ ပိုင်ဥာဏ့်ရင်ခွင်မှအနွေးဓာတ်က သူ့တစ်ကိုယ်လုံးကို စွဲနေသေးကြောင်း ခံစားမိလိုက်တော့ ပိုင်ဥာဏ့်မျက်နှာကိုတောင် မကြည့်ရဲ။

"ညက အဲ့နားမှာ ငါတို့မြင်ခဲ့သေးတယ်"

"ဘာ တကယ်ကြီးလား"

ရည်မွန်က မျက်လုံးပြူးမျက်ဆန်ပြူးနှင့်မေးသည်။ ပိုင်ဥာဏ်က ခေါင်းညိတ်ပြလိုက်ကာ

"ဖြူဖြူကြီးဟ သက်လျာလည်း တကယ်မြင်လို့ပြောတာပဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မယုံသလိုပဲ လုပ်ပြလိုက်ရတယ်။ မဟုတ်ရင် အဲ့ကလေးမက ထပ်တွေးပြီး ကြောက်နေဦးမှာ။ အခုတောင် ကြည့်ပါလား ဖျားနေပြီလေ"

"အေးဆိုနေ။ ကြောက်စရာကြီးကွာ... မင်းတို့ မျက်နှာကိုရော မြင်ခဲ့သေးလား"

Love Like Heaven (Completed)Where stories live. Discover now