Episode 141 + 142

197 22 6
                                    

Uni

"ပျင်းလိုက်တာ"

လိုတက ပေါင်ပေါ်က laptopကိုချကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ညည်းတွားသည်။ သူ့ဘေးတွင် ထိုင်နေသည့် ချာချီသည် သူ့ဘက်သို့ မျက်လုံးပြူးကြီးနှင့် လှည့်ကြည့်လာ၏။ ချာချီသည် မီးခိုးရောင်ဖျော့ဖျော့ အမွှေးဖွားဖွားဖြင့် အတော်ကြီးကို လုံးလုံးကစ်ကစ်ရှိလှသည်။ လိုတ စိတ်ထဲမှာတော့ ချာချီသည် ပွေ့လို့ဖက်လို့အကောင်းဆုံး ကြောင်ကြီးသာ။ ထို့ကြောင့် လိုတက ချာချီကို မကြာခဏ ပွေ့ပိုက်လေ့ရှိသည်။

အခုလည်း လိုတက သူ့ဘေးတွင်ထိုင်နေသော ချာချီကို ချီပွေ့လိုက်ပြန်သည်။ ချာချီက လိုတ သူ့ကို ချစ်မှန်းသိတော့ အခါတော်တော်များများမှာ အဖက်မလုပ်သလိုသာ ဟန်ဆောင်နေတတ်သည်။ ချာချီက သူမတောင်းဆိုလည်း လိုတက သူ့ကို ပွတ်သပ်ချော့မြူပေးမယ်ဆိုတာ အသေအချာသိနေသည်။

"ငါတို့ ဘယ်ကို သွားရင်ကောင်းမလဲ။ ပျင်းစရာကြီးနော် ချာချီ"

လိုတက ရင်ခွင်ထဲမှ ချာချီကို ပြောလိုက်ရင်း အိပ်ရာပေါ်သို့ လှဲချလိုက်သည်။ အားလပ်ရက်များသည် လိုချင်စရာကောင်းသည်ဆိုတာ မှန်သင့်သလောက်လည်း မှန်ပါသည်။ သို့ပါသော်လည်း အားလပ်ရက်မှာ လုပ်စရာမရှိတာက တစ်ဒုက္ခသက်သက်ပဲ ဖြစ်သည်။ လိုတဆိုလျှင် နေ့စဉ်ရက်ဆက်အလုပ်ရှုပ်တော့မည့် စက်ဝန်းထဲမဝင်ခင် လုံလုံလောက်လောက် အနားရထားသည်။ သို့သော် သူ ဘာလုပ်ရမလဲ မသိပေ။ သူ့စိတ်ထဲရှိတာ အကုန်လုံးက အိပ်ဖို့နဲ့ စာအုပ်ဖတ်ဖို့သာ။ ဒီထက်ပိုကောင်းသော နည်းလမ်းတွေကတော့ ဈေးကြီးသော နည်းလမ်းများသာဖြစ်၍ လိုတ ခေါင်းထဲမထည့်ပေ။

အိပ်ခန်းခြေရင်းမှ မှန်တံခါးပေါက်သည် လိုတ၏ နေ့စဉ်သန့်ရှင်းရေးလုပ်ခြင်းကြောင့် ပြောင်လက်နေသည်။ လိုတက ထိုမှန်တံခါးမှနေ၍ ကောင်းကင်ပြာကြီးဆီ မော့ငေးလိုက်သည်။ ကောင်းကင်ကြီးက အမှန်တကယ် ပြာစင်နေကာ လမ်းလျှောက်လို့ကောင်းမည့်ပုံပင်။ မနက်ခင်းနေရောင်နုနုကလည်း စိတ်မရှည်စွာ ထွက်ပေါ်နေတုန်းပင်ရှိသေးသည်။ ဒီအချိန်က ပန်းခြံထဲမှာ သွားထိုင်ပြီး မုန့်လေးဘာလေး စားလို့ကောင်းမည့် အချိန်မျိုး။

Love Like Heaven (Completed)Where stories live. Discover now