Episode 21

182 24 0
                                    

Uni

"ဇော်မြတ်လည်း မလာသေးဘူးနော်။ နည်းနည်းတောင်ကြာနေပြီ"

"အရိုက်ခံနေရတာများလား မသိဘူး"

"အေးကွ တီချယ့်ဝါးခြမ်းပြားက မထင်ရင်မထင်သလို ချတာ။ ခြေသလုံးမှာ အရှိုးရာက သုံးရက်လောက်ပျောက်မှာ မဟုတ်ဘူး"

"ရိုက်တာက ကိစ္စမရှိသေးဘူး။ စာမေးပွဲက တအားကပ်နေတာ။ ဒီကောင့်ကို ကျောင်းထုတ်မယ် ဘာညာဆိုမှ ဒုက္ခ"

"ဟာ ဆေးလိပ်သောက်တာလေးမိတာကို ကျောင်းတော့ တန်းထုတ်ပါ့မလား"

"မင်းသာမသိတာ။ စာမေးပွဲနီးပြီဆို ကျောင်းက ကျောင်းသားတွေ အထုတ်ကြမ်းတယ်နော်။ ဘေးခန်းက ကောင်လေးတောင် ကြည့်ပါလား။ ရန်တစ်ခါပဲဖြစ်လိုက်တာကို အထုပ်ပိုက်ပြီး တန်းဆင်းရတာ"

"ဇော်မြတ်ကတော့ ဆေးလိပ်သောက်တာပဲဟာ အဲ့လောက်ကြီးတော့ မဖြစ်လောက်ပါဘူး"

"ဖြစ်ရင်လည်း ငါတို့ အုပ်ကြီးကို ဝိုင်းပြောရမှာပဲ"

"အေးလေ။ တစ်နှစ်လုံးကြိုးစားလာပြီး စာမေးပွဲနီးမှ အကုန်ဂွိကုန်လို့ မဖြစ်ဘူး"

"ဟုတ်ပ"

လိုတရတို့အုပ်စု တစ်ယောက်တစ်ပေါက် ပြောကြရင်းဖြင့် မျက်နှာတွေပေါ်မှာ စိုးရိမ်မှုတွေက အထင်းသား။ ဇော်မြတ်က စာမေးပွဲနီးလာလေ၊ ဖိအားများနေလေ ဖြစ်လာသည်။ ဒီလိုနဲ့ တစ်ခါတလေတော့လည်း ဆေးလိပ်လေးဘာလေး ထွက်သောက်တတ်၏။ သူတို့ မသိတာတော့ မဟုတ်ပေမဲ့ ဒီတိုင်းပဲ လွှတ်ထားတာ ဖြစ်သည်။ ဇော်မြတ် စိတ်အဆင်ပြေရင်ပြီးရောဆိုပြီး ဝိုင်းဖုံးပေးထားခဲ့ကြသည့် ကိစ္စက ဒီနေ့မှ ဒီလိုကြီး လာဖြစ်ရသည်လို့...။ တီချယ်ကလည်း ဂိုထောင်ဘက်ကို ဘာလာလုပ်သည်မသိ။ ကံတရားကိုသာ အပြစ်တင်လိုက်ချင်တော့သည်။

"ဇော်မြတ်..."

လွင်ဟိန်းက အပေါက်ဝမှ ဝင်လာသည့် ဇော်မြတ်ကို ဝမ်းသာအားရခေါ်လိုက်သည်။ ဇော်မြတ်က မျက်နှာမကောင်းပေမဲ့ ကျောင်းထုတ်ခံရသည်ထိတော့ ဆိုးလာပုံမပေါ်ပါ။ ဒါပေမဲ့ လူပုံက တကယ်ကို ဖျော့တော့နေသည်။ ရွှန်းလဲ့လဲ့မျက်လုံးလှလှများက မှေးမှိန်နေလိုက်တာ အလင်းရောင်ဆိုတာ မမြင်ရတော့သည်အထိ။

Love Like Heaven (Completed)Where stories live. Discover now