Uni
ညက အေးစက်တိတ်ဆိတ်နေဆဲ။ ရုတ်တရက် ကြည့်လိုက်လျှင် ကိုးတန်းကညများနှင့် တူသည်ဟု ထင်ရသလောက် ဒီညများကတော့ ရက်စက်ပြီးအထီးကျန်လှသည်။ ခါတိုင်းလိုပင် ဂိုထောင်နံရံကိုမှီလျှက် သူ ဆေးလိပ်ကို ဖွာရှိုက်၏။ အငွေ့ဖြူဖြူတို့က လေထုတလျှောက် လူးကာလွန့်ကာဖြင့် အဝေးသို့ ပျံသန်းသွားကြသည်။ သူ့အတွေးများသည်လည်း ထိုအငွေ့တန်းဖြူဖြူ၏နောက် လူးလာလွန့်ကာဖြင့် လိုက်ပါသွားသည်ဟု မြင်သည်။ ဒါကြောင့် ဆေးလိပ်တစ်ခါ ဖွာရှိုက်မိတိုင်း သူ့ရင်ထဲက လေးလံကြပ်သိပ်မှုများက ပေါ့ပါးသွားသလိုပင်။
"ဒီနေ့ အရင်ကထက် အဆင်မပြေဘူးထင်တယ်"
ဂိုထောင်အနားမှ ယောကျ်ားလေးအုပ်စု၏ နှုတ်ဆက်သံကို ကြားရသည်။ သူ လှည့်ကြည့်လိုက်ပါ၏။ ထိုကလေးတွေက အခုမှ ၉တန်းလေးတွေပဲ ရှိသေးသည်။ သူ ဒီနေရာကို ဆေးလိပ်လာသောက်တိုင်း တွေ့နေကျမို့ အနည်းအကျဉ်းတောင် ခင်နေပြီဖြစ်၏။ သူ ဆေးလိပ်ကို လက်ကြားထဲညှပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ဒီထက်ပိုပြီး အထွေအထူးမပြောလိုတော့။ စိတ်တွေက ကြပ်သိပ်နေသည်မှာ မှောင်မည်းမည်းအခန်းထဲသို့ ရောက်နေသည့်အတိုင်း။
"ကိုကြီးတို့က စာမေးပွဲနီးနေပြီနော်။ ကျွန်တော်တို့က မနက်ဖြန်ဖြေပြီး သွားရတော့မှာ"
ကောင်လေးတွေက ဝမ်းသာအားရနှင့် ပြောလာသည်။ သူတို့က ကိုးတန်းတွေမို့ ဇော်မြတ်နှင့် မတူပါ။ စာမေးပွဲက စောဖြေရသလို စောစောလည်း နားရသည်ပင်။ သူ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။ ထိုကောင်လေးတွေကတော့ သူ့အနားကိုလာကာ ပုခုံးကိုဖက်လိုက်ရင်း
"သိပါတယ် ကိုကြီးရာ ဆယ်တန်းဆိုတာ ခေါင်းကိုက်စရာကြီးဗျ။ အိပ်မပျော်ဘူးမလား။ ဒါလေးသောက်လိုက် အကုန်အဆင်ပြေသွားလိမ့်မယ်"
"ဟုတ်တယ်ကိုကြီး အရက်မသောက်ဖူးသေးဘူးမလား။ ဆေးလိပ်ထက်ပိုကောင်းတယ် အကုန်အဆင်ပြေသွားလိမ့်မယ်"
"ဟက် မင်းတို့ကတော့ ငါ့ကို အချွန်နဲ့မ,နေပြန်ပါပြီ"
"အတည်ပြောတာကို။ ထားပါ သောက်တာမသောက်တာ ကိုကြီးသဘော။ ကျွန်တော်တို့ အထဲဝင်တော့မယ် တာ့တာ"
YOU ARE READING
Love Like Heaven (Completed)