Episode 181

180 16 2
                                    

Uni

နေ့လယ်စာစားချိန်ပြီးမှ အောက်ကိုပြန်ဆင်းလာခဲ့လိုက်ကြသည်။ ချာချီကတော့ ကိတ်မုန့်တွေစားပြီး ဗိုက်ကြီးဖောင်းအောင် အိပ်နေလေပြီ။ ချာချီဆိုသည်မှာလည်း ဘယ်လိုသတ္တဝါလေးမှန်းမသိ။ ဘယ်စားစရာမဆို သူ မစားတာ မရှိသလောက်ပင်။

ထမင်းစားချိန်ပြီး၍ အလုပ်ခွင်ပြန်စနေပြီမို့ လုပ်ငန်းတစ်ခုလုံးက ဆူညံပွက်လောရိုက်နေသည်။ ဂဟေဆော်သံတွေ၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောသံတွေ၊ ပစ္စည်းသံတွေနဲ့ ပွစိတက်နေသည်။ လိုတမှာ ထိုအလုပ်သမားထုကြီးကိုမြင်မှ အနည်းငယ် ရှက်အမ်းအမ်းဖြစ်သွားရသည်။ တကယ်တော့ အလုပ်သမားအကုန်လုံးမဟုတ်ရင်တောင် ကြီးကြပ်ရေးမှူးတို့ကိုတော့ ခေါ်ပြီး မုန့်ကျွေးသင့်သေးတာ။ အခုတော့ သူတို့နှစ်ယောက်တည်းစားပြီး ပြန်ဆင်းလာလိုက်သည်။

"ညီလေးပိုင်ဥာဏ် ပြန်ရောက်လာတာ အတော်ပဲ။ အင်ဂျင်နီယာက တွေ့ချင်တယ်ဆိုလို့ အစ်ကိုလိုက်ရှာနေတာ"

ကြီးကြပ်ရေးမှူးက တစ်နေရာက ဘွားခနဲထွက်လာပြီး ချွေးတရွှဲရွှဲနဲ့ပြောလာသည်။ ပိုင်ဥာဏ်က သူကိုင်ထားသည့်ဖိုင်တွေကို လိုတဆီ ထိုးထည့်ကာ လှည့်ကြည့်သည်။

"ငါခဏသွားလိုက်ဦးမယ်နော်။ ဒီမှာပဲနေခဲ့ဦး"

"အေးပါ"

ပိုင်ဥာဏ်က ခေါင်းတဆတ်ဆတ်ညိတ်ပြီးနောက် လိုတ ပါးစပ်ဖျားကိုပါ ဆွဲသုတ်သွားသည်။ ဖျတ်ခနဲလုပ်သွားတာမို့ လိုတ ဘာမှမတုံ့ပြန်လိုက်နိုင်။ ကိတ်မုန့်ခရင်မ်တွေပေနေလို့ဆိုတာ ဖြစ်နိုင်ချေရှိပေမဲ့ လိုတတစ်ကိုယ်လုံး အေးခဲသွားတာ ဘယ်လိုမှ ထိန်းချုပ်လို့မရပေ။ ပိုင်ဥာဏ်ကသာ ပေါ့ပေါ့ပါးပါးထွက်သွားနိုင်ပေမဲ့ လိုတမှာ နေပူကြီးထဲ တောင့်တောင့်ကြီးရပ်ပြီး ကျောက်ရုပ်အတိုင်းပင်။

"ညီလေး... ညီလေး"

"ဟမ် ဟုတ် အစ်ကို"

ကြီးကြပ်ရေးမှူးခေါ်နေတာကိုလည်း ဘယ်လိုမှ မကြားဘဲ ပုခုံးကိုအထိခံလိုက်ရတော့မှ ဖျတ်ခနဲထခုန်မိသည်။ စိတ်တွေလွင့်သွားပုံများ ရုပ်ပျက်ဆင်းပျက်။

Love Like Heaven (Completed)Where stories live. Discover now