Uni
ဖုန်းမြည်သံကြားရသည်ကြောင့် မျက်နှာအား တဘက်နှင့်သုတ်ခြင်းကို ရပ်တန့်လိုက်ကာ ဖုန်းကိုအရင်ကိုင်လိုက်ရသည်။ မနက်စောစောစီးစီး သူ့ဆီဖုန်းလာတာ တကယ်တော့ရှားပါသည်။ ဘယ်သူ့ဆီကလဲ မကြည့်တတ်သည့်အကျင့်ကြောင့် ကိုင်ပြီးကာမှ ဘယ်သူဆက်သလဲဆိုတာ သိခွင့်ရ၏။
"သက်လျာလား"
(ရှူး တိုးတိုးပြောဟ။ ပိုင်ဥာဏ်ကြားသွားမယ်)
လိုတရက သက်လျာ၏စကားကြောင့် အိပ်ရာမှနိုးမလာသေးသော ပိုင်ဥာဏ်ဆီသို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ ပိုင်ဥာဏ်က လိုတနိုးနေကျအချိန်ဆို ဘယ်တော့မှ မနိုးတာမို့ စိတ်ချလက်ချပြောလို့ရသည်ပင်။
"မပူပါနဲ့ဟ သူက နိုးတောင်မနိုးသေးဘူး။ ပြောစရာရှိတာပြော။ ဘာဖြစ်လို့လဲ"
'ပိုင်ဥာဏ်မကြားစေနဲ့'ဆိုကတည်းက ခန့်မင်းကျော် ကိစ္စမှန်းတော့ ရိပ်မိလိုက်သည်။ ဒီတစ်လအတွင်း စိတ်ရှုပ်မခံနိုင်၍ နားအေးပါးအေး နေခဲ့တာဖြစ်သည်။ အခုတော့လည်း စိတ်ရှုပ်ရမည့်အချိန်က ပြန်လည်ရောက်ရှိလာဟန်တူပါသည်။
(ဟား လိုတ နင်မေ့နေတာလား။ ဒီနေ့က တစ်လပြည့်ပြီလေ)
"အာ... ထင်တော့ထင်သား။ ဒီနေ့အဖြေပေးမဲ့နေ့ပေါ့"
(ဟဲ့ နင်ကလည်း ငါ့ကိုရှက်အောင်မပြောစမ်းပါနဲ့)
"အံမယ် ရှက်တယ်ပေါ့။ နင်ပေးမဲ့အဖြေက ဘာလဲဆိုတာ ငါသိတယ်နော်"
(တော်တန်တိတ်)
ဖုန်းထဲမှ သက်လျာ၏ပျာပျာသလဲအော်သံကြောင့် လိုတရ ဟက်ခနဲရယ်ရင်း မျက်နှာသုတ်ပဝါနှင့် မျက်နှာအပ်သည်။
"အေးပါ အဲ့တော့? ဘာဖြစ်တုန်း။ နင့်အစီအစဉ်က ဘာတုန်း"
(ငါတို့ ဒီနားက ပန်းခြံမှာတွေ့ကြမှာ။ ဘတ်စ်ကားတစ်ဆင့်စီးရုံနဲ့ရောက်တယ်။ ငါ နာမည်မပြောတော့ဘူး။ နင်လည်း ရောက်ဖူးမှာမဟုတ်ဘူး။ အဲ့မှာတွေ့ပြီး ငါတို့စကားပြောကြမလို့။ ကိုးနာရီလောက်ပဲ။ ငါ နင့်ကိုလာခေါ်မယ်။ ပြင်ဆင်ထားလိုက်။ အဲ့တာလှမ်းပြောတာ)
YOU ARE READING
Love Like Heaven (Completed)