Uni
"အစ်ကို ဒီအတိုင်းပြောရင်လည်း ရတာပဲကို။ ဘာဖြစ်လို့ လျော်ကြေးတွေ သွားပြီးမေးနေရတာလဲ"
ကုမ္ပဏီ၏ ဓာတ်လှေကားထဲရောက်သွားတော့ ဥပဒေအဖွဲ့က ကောင်လေးက မေးလာသည်။ လိုတရက ကိုယ့်ကိုယ်ကိုယ် သဘောကျသလို ပြုံးလိုက်ကာ
"မသိဘူး ဒီအတိုင်း ယုတ်မာချင်လို့"
"ဟား အစ်ကိုကတော့ဗျာ"
ကောင်လေးက သဘောတကျရယ်ပါ၏။ လိုတရလည်း လိုက်ရယ်ရင်းမှ တစ်စုံတစ်ယောက်၏စကားကို ပြန်ကြားယောင်မိသည်။ 'လိုတရ မင်းပြောင်းလဲသွားပြီ'တဲ့။ အဲ့ဒီလူသာ ဒီအခြေအနေကို မြင်ရင် ဘယ်လိုတွေ ထင်သွားမလဲဆိုတာ လိုတရ စိတ်ဝင်စားမိသည်။ လူပဲဖြစ်ဖြစ် အခြားသတ္တဝါပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့လူတွေရှေ့မှာ ပန်းကလေးဖြစ်နိုင်သည်၊ လေညှင်းကလေးလည်း ဖြစ်နိုင်သည်။
သို့သော် ရန်သူတွေနဲ့တွေ့သည့်အခါတော့ ပန်းကလေးလုပ်လို့ မဖြစ်နိုင်သလို၊ လေညှင်းလေး၏ဖြစ်တည်မှုနှင့်လည်း အသုံးမဝင်။ လိုအပ်လျှင် ကျောက်သားကျောက်ဆောင်ဖြစ်ရသည်။ ဆူးချွန်တံစို့ဖြစ်ရသည်။ ဒါက လောက၏ နိယာမပင်။ ဘယ်သူမှ မလွန်ဆန်နိုင်သော နိယာမပဲဟု သူယုံသည်။ ထို့အတွက်ကြောင့် ယခုသာ သူ့ကိုလာပြီး ယုတ်မာတယ်လို့ စွပ်စွဲခဲ့ရင် လိုတရက 'ဟုတ်တယ်'ဆိုပြီး ခေါင်းညိတ်ပြရုံသာ ရှိသည်။
"ဖမ်းခိုင်းတာက ဟုတ်ပါပြီ အစ်ကိုရ။ ဒါပေမဲ့နော် ကုမ္ပဏီနာမည်ကိုပြန်ဆယ်ဖို့က အချိန်ကြာဦးမှာ အား... စိတ်ညစ်လိုက်တာနော်"
"အဲ့လောက်စိတ်မညစ်ပါနဲ့ကွာ ငါတို့ မန်နေဂျာတွေ သေချာအလုပ်လုပ်လိုက်မယ်။ ပြဿနာက အသိသာကြီးပဲလေ။ အဲ့ဒီလူက အလိမ်အညာဖန်တီးပြီး အဖမ်းခံရလည်း မမှုဘူးဆိုတဲ့ မျက်နှာနဲ့ ရပ်နေတာ။ သူ့ကို ဖမ်းလိုက်နိုင်လည်း ငါတို့ နိုင်သွားတာ မဟုတ်ဘူး။ ကုမ္ပဏီပုံရိပ်ကမှ တကယ့်ပြဿနာပဲ။ အဲ့ဒီလူက ပိုက်ဆံနဲ့သာ မမြှားဘူးဆိုရင် အဲ့လို ဈေးအမှားကြီးကိုလည်း ထုတ်ပြောလာမှာ မဟုတ်ဘူး။ တကယ် စိတ်ပျက်စရာပဲ"
လိုတရက စိတ်ကျဉ်းကျပ်စွာ ပြောလိုက်သည်။ သို့သော် ဒီလောက်နဲ့တင် သူ့စိတ်တွေ ပေါ့ပါးသွားပြီဖြစ်သည်။ အစကတော့ ကုမ္ပဏီဘက်က အမှန်လို့ ယုံကြည်နေရင်းမှ ကုမ္ပဏီဘက်ကမှားတာဖြစ်ရင်ရောဆိုသည့် သံသယကြီးက ဝင်ဝင်လာတတ်သည်။ ထိုအခါ တစ်လောကလုံးကို စိတ်ပျက်မိရင်း ကြောက်စိတ်တွေ ဝင်လာတတ်သည်။ အခုတော့ ပုံအတုတင်သည့်ကိစ္စအပြင် ပတ္တမြားကို ဈေးအမှားကြီးနဲ့ပါ ပြောလာသည်မို့ အလိမ်အညာကိစ္စဆိုတာ သေချာသွားသည်ပင်။ လိုတရ ဒီကိစ္စကိုဖြေရှင်းဖို့ လိပ်ပြာလုံသွားသည်။
YOU ARE READING
Love Like Heaven (Completed)