Uni
ဒေါက်...ဒေါက်...ဒေါက်
"အန်တီ"
တံခါးခေါက်သံနှင့် လူခေါ်သံက ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာခဲ့လျှင် တန်းလျားပေါ်မှာ ငုပ်တုပ်ငိုက်နေသော အန်တီကြီးက ဆတ်ခနဲဖြစ်သွား၏။ သူ့စိတ်ထဲတွင်တော့ သူနာပြုကလေးမလေးတွေဟု ထင်လိုက်ကာ ကပျာကယာသွား၍ တံခါးချက်ကို ဆွဲဖွင့်လိုက်သည်။ သို့သော် တံခါးပွင့်အလာ၌ ရပ်နေသော သူတွေမှာ သူနာပြုမလေးတွေမဟုတ်ဘဲ သန့်သန့်ပြန့်ပြန့်ကောင်လေးနှစ်ယောက်ဖြစ်နေ၏။ သူ့မျက်ခုံးတွေတွန့်ကျုံ့သွားသည်။
"သားတို့ ဘာကိစ္စရှိလို့တုန်း"
"ဟို... ဒါက လွင်ဟိန်းရဲ့အခန်းလားမသိဘူး"
"ဪ ဟုတ်တယ် သားတို့"
"ဟုတ်ကဲ့ သားတို့က လွင်ဟိန်းခြေထောက်ထိခိုက်တဲ့ ကိစ္စကို အခုမှကြားလို့ပါ အန်တီ။ အဲ့တာ စာမေးပွဲကလည်း တအားနီးနေတော့ စိတ်ပူတာနဲ့ ကြားကြားချင်းပဲ သူငယ်ချင်းနှစ်ယောက်စုပြီးထွက်လာခဲ့တာ။ သားတို့က လွင်ဟိန်း သူငယ်ချင်းတွေပါ အန်တီ"
ပိုင်ဥာဏ်က ဇော်မြတ်ကို နောက်မှာထား၍ သူပဲတောက်လျှောက်ပြောသွား၏။ ဒီတော့မှ အန်တီကြီးက ပြုံးကာ
"သားတို့ရယ်... ညကြီးပဲထလာရတယ်လို့။ အန္တရာယ်ဖြစ်ရင် ဘယ့်နှယ့်လုပ်မတုန်း လာလာအထဲဝင်"
အန်တီကြီးက ရွာကပဲမို့ ရိုးသားသည့်ဟန်ရှိသည်။ လွင်ဟိန်းလိုပင် စကားသံခပ်ဝဲဝဲနှင့် ခင်စရာကောင်းသည့် အန်တီကြီးဖြစ်၏။ ညသန်းခေါင်မို့ လွင်ဟိန်းကတော့ ကုတင်ပေါ်မှာ အိပ်ပျော်နေသည်။ ခြေထောက်တစ်ဖက်ကို စီးထားသော ပတ်တီးဖြူဖြူတို့ကို မြင်သည့်အခါ ဇော်မြတ်၏ မျက်ဝန်းတို့က အလိုအလျောက်မျက်ရည်ဝဲ၏။
"ဟောတော့် ငိုနေတာလား ဒီသားလေးက။ လွင်ဟိန်းက အဲ့လောက်ကြီးမဖြစ်ပါဘူးကွယ်။ အရိုးအက်တာလောက်ပါ။ မငိုပါနဲ့..."
"ဗျာ... မဟုတ်ပါဘူး"
အန်တီကြီးက ထုတ်ပြောလာတော့ ဇော်မြတ်ခမျာ ရှက်ရှက်နဲ့မျက်ရည်သုတ်ရင်း မျက်နှာလွှဲ၏။
KAMU SEDANG MEMBACA
Love Like Heaven (Completed)