Episode 40

191 17 0
                                    

Uni

"လိုတ ဒီနေ့တော့ ပျော်ပျော်နေနော်။ ငါ့မွေးနေ့ကို မင်းကမျောက်သေရုပ်ကြီးလုပ်နေရင် ဘုရားပေါ်မှာ ခွက်တစ်လုံးနဲ့ မင်းကိုထားခဲ့မှာ။ မင်းရုပ်နဲ့ဆိုကြီးပွားပြီ ဟေ့ကောင်ရေ"

ခရီးစထွက်ကတည်းက ရည်မွန်က ဤသို့မှာပါ၏။ ထို့နောက် လိုတရလည်း ခေါင်းထဲ၌ ရှိရှိသမျှအတွေးများ၊ ကျောင်းစာများပါမကျန် အကုန်မေ့၍ မျက်နှာကို ပြုံးပြုံးရွှင်ရွှင်လုပ်ကာ လိုက်ပါလာရသည်။ တော်ကြာ တကယ်ကြီးခွက်တစ်လုံးနဲ့ထားခဲ့ရင် ရန်ကုန်မြို့ကြီးထဲ မသွားတတ်မလာတတ်လေး သူ့မှာ ဒုက္ခရောက်ရဦးမည်။

ဘုရားသွားတာမို့ အကုန်လုံးက သန့်ပြန့်နေပါ၏။ လိုတရလည်း အပူသည်ရုပ်မဟုတ်တော့ဘဲ အရင်လို သပ်သပ်ရပ်ရပ်၊ ရည်မွန်ကတော့ ပြောစရာပင်မလို။ သပ်ရပ်မနေရင် ရည်မွန်လို့တောင် ခေါ်လို့ရတော့မှာမဟုတ်။ နှစ်ယောက်သားက အင်္ကျီအဖြူလက်ရှည်လေးနဲ့ ပုဆိုးနှင့်မို့ သန့်ပြန့်ခန့်နေသည်။ သက်လျာကလည်း အားကျမခံပါပေ။ အဖြူရောင်ပေါ်ကိုမှ ကြာပန်းလေးတွေတင်ထားသည့် ထဘီအဆင်လေးနှင့် လှပနေသည်။ သက်လျာက ကိုယ်လုံးတကယ်လှသည်။ မျက်နှာလေးကလည်း လှတော့ အရာရာပြီးပြည့်စုံနေသည်။

ပါးမို့မို့လေးများတွင် ပါးနီအနည်းငယ်တင်ကာ နှုတ်ခမ်းဆိုးဆေးအဆီဆိုးလာခဲ့ရုံနဲ့တင် သူ့အလှက ပြည့်စုံနေပြီဖြစ်သည်။ ပြီးလျှင် ပုခုံးကျော်ကျော်ဆံပင်တို့ကို တစ်ဝက်စုစီးပြီး တစ်ဝက်ကို ဒီအတိုင်းလေးချထားကာ ဆံမြိတ်တို့ကို နှဖူးပေါ်သို့ အသာဖေးတင်စေသည်။ မျက်မှန်ကလည်း လွင်ဟိန်းတပ်သလို မျက်မှန်ပုံတုံးကြီးမဟုတ်တာမို့ သူ့ဟာလေးနဲ့သူ လှနေပြီးသားပင်။

လိုတတို့တက်သည့် တက္ကသိုလ်နေရာက အရာရာနှင့်ဝေးသည်။ ဘုရားနှင့်လည်းဝေးသည်။ ဂေဟာနှင့်လည်း ဝေးသည်။ ကန်ဘောင်နှင့်လည်း ဝေးသည်။ အကုန်ဝေးတာပင်။ ဒီတစ်ခါလည်း အငှားကားနှင့်လာရ၏။ ဒီတစ်ခါကားခကတော့ မွေးနေ့ရှင်ကြီး ရည်မွန်ရှင်းလေသည်။ မနက်စောစောစီးစီးဖြစ်သော်လည်း ပဲများချင်သူလေးတွေမို့ အနွေးထည်တစ်ယောက်မှ ပါမလာကြပါ။ ချမ်းတာကိုလည်း အောင့်အီးပြီးသာ သည်းခံကြသည်။ ကိုယ်ကလှချင်သည်ကိုး။ မတတ်နိုင်။ ဘုရားပေါ်ရောက်ရင် လူငွေ့တွေနှင့် အချမ်းပြေမည်ဟုတော့ ယူဆသည်။

Love Like Heaven (Completed)Место, где живут истории. Откройте их для себя