Uni
နားထဲသို့ ငှက်သံတွေ မခံနိုင်အောင် ဝင်လာချိန် ပိုင်ဥာဏ် လူးလူးလွန့်လွန့်နှင့်ပင်နိုးလာရသည်။ ပွင့်ဟလာသော မျက်ဝန်းတို့ကို အတည်ပြုခြင်းဖြင့် သူ အိပ်နေသည်မှာ သူ့အခန်းဟု သိလိုက်ရသည်။ ရင်းနှီးပြီးသား အခန်းနံရံကိုကြည့်လိုက်ရင်းက ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ မနေ့ညက အရှိန်ကြောင့် ခေါင်းနည်းနည်းကိုက်နေသည်။ ဒါအကုန်ပင်။
ကိုယ့်ကျန်းမာရေးကိုယ် စစ်ဆေးပြီးသည်နှင့် ခေါင်းထဲရောက်လာတာက လိုတပဲဖြစ်သည်။ ညတုန်းက မူးချင်ယောင်ဆောင်နေရင်း အိပ်ပျော်သွားတာကြောင့် လိုတ ဒီအခန်းမှာရှိနေလား။ ဟိုဘက်အခန်းကိုပဲ ပြန်သွားလား သူ မသိလိုက်ပေ။
အိပ်ယာပေါ်မှ ခပ်မြန်မြန်ထသွားတော့မလို့ ပြင်နေပေမဲ့ ပိုင်ဥာဏ့်လှုပ်ရှားမှုများက ချက်ချင်းပင် ရပ်တန့်သွားသည်။ သူ နောက်ကျောခိုင်းအိပ်နေမိတဲ့ အရပ်မှာ ကောင်လေးတစ်ယောက် ရှိနေသည်။ ပိုင်ဥာဏ့်ဘက်ကို နောက်ကျောခိုင်းပြီး ကွေးကွေးလေး အိပ်ပျော်နေတာဖြစ်သည်။ ဖြူဝင်းနေသော ကုတ်သားနှင့် ခြေသလုံးသားတို့က စောင်လွတ်နေသည်ကြောင့် ထင်းထင်းလင်းလင်းဖြစ်နေသည်။ လူကတော့ ပုစွန်ထုပ်လို ကွေးကောက်ထားသည်။
ပိုင်ဥာဏ်က အနောက်က ကြည့်ရတာနဲ့ အားမရသေးဘဲ အရှေ့ဘက်ကို အုပ်မိုးကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမို့ သတိလက်လွတ်ဖြစ်နေသည့် မျက်နှာလေးက ကြည့်လို့တော်တော်ကောင်းသည်။ အိပ်နေလို့ထင်သည်။ မျက်ခွံဖောင်းဖောင်းတွေကို ကြည့်ရင်းနှင့်ပင် ငြိမ်းချမ်းသည်ဟု ခံစားလာရသည်။ လိုတကြည့်ရတာ တော်တော်ကြီး အိပ်ပျော်နေသည့်ပုံမျိုး။
နာရီကိုကြည့်လိုက်တော့ ပိုင်ဥာဏ် လန့်သွားသည်။ မနက်၁၀နာရီပင် ခွဲပြီဖြစ်၏။ သူရော လိုတရော ရုံးလွတ်ပြီဆိုတာ မေးနေစရာတောင်မလို။ လိုတက ခါတိုင်းဆို စောစောထတတ်သူဖြစ်သည်။ သူ စောစောမထနိုင်မည့် အချက်က နှစ်ချက်ပဲရှိသည်။ စိတ်ပင်ပန်းတာနဲ့ လူပင်ပန်းတာ... ဒီနှစ်ချက်ကလွဲရင် လိုတက အမြဲတမ်းစောစောထနိုင်သည်။
STAI LEGGENDO
Love Like Heaven (Completed)