Uni
“ကြာလိုက်တာဟာ”
ခပ်လှမ်းလှမ်းမှ အပြေးကလေးလာနေကြသည့် နှစ်ယောက်ကိုကြည့်ရင်း သူ မြည်တွန်တောက်တီးလိုက်သည်။ သက်လျာက ပိုက်ဆံအိတ်လေးထဲ ဘာတွေထည့်နေသည်မသိဘဲ ပျာယာခတ်နေသည်။ သက်လျာက တစ်ကိုယ်လုံး အဝါနုနုဝမ်းဆက်လေးကို ဝတ်ထားတာဖြစ်သည်။ သူ့ကိုယ်လုံးလေးနှင့်သူမို့ အတော်လေးကြည့်ကောင်းတာ အမှန်ပင်။ နှုတ်ခမ်းနီအရောင်ကအစ ဂရုတစိုက်ရွေးချယ်လာပုံရသည်။ လိမ္မော်ဖျော့ဖျော့ကလေး။ သူ့အင်္ကျီနှင့်တော့ လိုက်ဖက်တာပင်။ နဂိုအသားဖြူသူမို့ အဝါရောင်နှင့် လင်းထွက်နေ၏။
ပုခုံးကျော်သည့်ဆံပင်တွေကိုတော့ လက်ကိုင်ပုဝါအရောင်တူလေးဖြင့် စည်းနှောင်ထားကာ နှဖူးပြင်မှာတော့ ဆံမြိတ်လေးနှင့်။ မျက်မှန်ကြည်ဝိုင်းဝိုင်းလေးကိုပါ ထပ်ပေါင်းထည့်လိုက်တော့ သက်လျာပုံစံလေးက ငေးချင်စရာ။ ဒါကြောင့် လိုတရတောင် စတွေ့တုန်းက ငေးခဲ့သေးသည်မဟုတ်လား။ အခုတော့ ညီမလေးလို သဘောထားလိုက်ပြီမို့ ဒီအလှအပတွေမှာ ရင်မခုန်မိတော့။
“သက်လျာပေါ့ကွာ ထွက်လာပြီးမှ ပိုက်ဆံအိတ်အရောင်မှားလို့ဆိုလား။ ဖိနပ်အရောင်မှားလို့ဆိုလား”
“ဟင်”
ရည်မွန့်အပြောကြောင့် လိုတရ သက်လျာ၏ ဖိနပ်ကိုငုံ့ကြည့်မိသည်။ ဖိနပ်က ကတ္တီပါဖိနပ်အဝါရောင်လေးဖြစ်သည်။ ကျောက်အလှကပ်ထားတာမရှိ။ ပြောင်ရှင်းနေသည်။ ရိုးရှင်းသောခံစားချက်ကိုပေး၏။ လိုတရ သက်လျာကိုကြည့်ပြီးနောက် ရည်မွန့်ကို ကြည့်ပြန်သည်။ ရည်မွန်ကလည်း ပုဆိုးနှင့် ရှပ်အင်္ကျီနှင့်။ ကိုယ့်ကိုယ်ကိုယ်တော့ ပြန်ငဲ့ကြည့်စရာပင်မလိုလိုက်။ ဘုရားသွားမှာမဟုတ်ဘူးဆိုပြီး ဝတ်နေကျပုံစံပင်ဝတ်ခဲ့တာ တီရှပ်လက်ရှည်နှင့် ဒူးလောက်ရှိသော ဂျင်းဘောင်းဘီအတို။
ဘွတ်ဖိနပ်အဖြူလေးနဲ့မို့ ကြည့်လို့တော့ကောင်းပေမဲ့ ဆံပင်ကွေးကွေးလေးနဲ့ လိုတရပုံစံက တကယ့်ကလေးရုပ်ဖြစ်နေသည်။ အရပ်ရှည်၍သာ တော်သေး၏။ သက်လျာက လိုတရ ခြေသလုံးဖြူဖြူဆီမှ အမွှေးရေးရေးတို့ကို တစ်ချက်ကြည့်လိုက်ကာ
YOU ARE READING
Love Like Heaven (Completed)