Episode 172

197 18 0
                                    

Uni

သူ တစ်ချက်ပျင်းကြောဆွဲရင်း အိပ်ယာပေါ်မှ ထထိုင်လိုက်သည်။ မှန်တံခါးပေါက်ဘက်ကို လှည့်ကြည့်လိုက်တော့ နေက အမြင့်ဆုံးအရှိန်အဝါဖြင့် တောက်ပနေသည်။ တစ်ချက်သမ်းဝေလိုက်ကာ ကုတင်ဘေးက နာရီကို ဆွဲကြည့်တော့မှ သူ့မျက်လုံးထဲ အံ့ဩသည့်အရိပ်အယောင်များဖြင့် ဖြတ်ပြေးသွားသည်။ အချိန်သည် နေ့လယ်ပိုင်းတောင် ရှိနေလေပြီ။ သူ့ကိုယ်သူ ဒီလောက်ထိ အိပ်မောကျသွားမည်ဟု မထင်လိုက်။

ဒါပေမဲ့ ဒါက ဖြစ်နိုင်ချေရှိသည်ပင်။ မနေ့က တစ်ညလုံး အတွေးတွေထဲ နစ်နေမိသဖြင့် မနက်၄နာရီလောက်မှ မှေးခနဲအိပ်ပျော်သွားခဲ့တာဖြစ်သည်။ ထိုအချိန်ကတည်းက အခုအချိန်အထိ တောက်လျောက်အိပ်လာလိုက်တာ တရေးမှမနိုး။ နာရီကြည့်မိ၍ တော်သေးသည်။ မဟုတ်လျှင် မနက်လို့ပင် ထင်နေမှာပင်။ နေ့လယ်ခင်းနဲ့ မနက်ခင်းက နဂိုကတည်းမှ ခပ်ဆင်ဆင်။

အိပ်ရာထဲကထွက်လိုက်တော့မှ တစ်ဖက်ခေါင်းအုံးပေါ်ရှိ စာအုပ်အပြာလေးကို တွေ့လိုက်ရသည်။ ထိုစာအုပ်လေးကို တွေ့လိုက်တိုင်း အတွေးတွေများရသည်မို့ ပိုင်ဥာဏ်က သူ့ဆံပင်တွေသူ တစ်ချက်ပွတ်သပ်သည်။ သန့်စင်ခန်းဆီသွားပြီး သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ပိုက်ဆံအိတ်ကိုကောက်ကိုင်ကာ အပြင်ထွက်ဖို့ လုပ်သည်။ သူ့ဗိုက်တွေသည် အူတွေလိမ်နေလောက်အောင် ဆာနေပြီဖြစ်သည်။

အပြင်ထွက်လိုက်တော့ စင်္ကြံမှာ တစ်ဦးတစ်ယောက်မှမရှိ။ နေ့လယ်ခင်းပေမဲ့ မီးဖွင့်ထားသည့်စင်္ကြံက ညဟု ထင်ရသည်။ ဒီApartmentက လူတွေက ကုမ္ပဏီဝန်ထမ်းတွေများတာမို့ မနက်ပိုင်းရုံးသွားချိန်နဲ့ ညနေရုံးပြန်ချိန်ကလွဲရင် စင်္ကြံမှာ လူစည်လေ့မရှိပေ။

ပိုင်ဥာဏ်က ဓာတ်လှေကားဆီ ခြေဦးလှည့်လိုက်ပြီးမှ သူ့အခန်းဘေးရှိ တစ်စုံတစ်ယောက်၏ အခန်းဆီ အာရုံရောက်သွားသည်။ သူ ဘယ်လောက်တွေးတွေး ရှုပ်ထွေးနေသည့်အတွေးတွေကို ဘယ်လိုမှ ပြန်ရှင်းမရခဲ့ပေ။ အဖြစ်အပျက်တွေကို စေ့စေ့ပေါက်ပေါက်တွေးလည်း အကောင်းဆုံးဖြစ်အောင် ဘာဆက်လုပ်သင့်လဲဆိုသည့် အဖြေကိုမရ။ ပြုလုပ်သူကလည်း တာဝန်မယူဘဲ ပစ်ထားခဲ့သည့် ကိစ္စတစ်ခုက ဖြေရှင်းဖို့ ခက်ခဲတာတော့ အံ့ဩစရာမဟုတ်ပေ။ အခုတောင်မှ အဲ့ဒီပြုလုပ်သူဟာ ထွက်ပြေးဖို့နည်းလမ်းပေါင်း သောင်းခြောက်ထောင်ကို စဉ်းစားနေပြီလားမသိ။

Love Like Heaven (Completed)Where stories live. Discover now