Episode 73

172 19 0
                                    

Uni

"ပြဿနာတက်ပြီ အရာရှိမင်းရေ"

စာမေးပွဲစခါနီးမှ ကမန်းကတန်းပြေးကာ အော်လာသော ကောင်လေးက ဘာဖြစ်လာမှန်းလည်း မသိ။ ရည်မွန်နှင့် လိုတရတို့ မျက်မှောင်ကျုံ့သွားမိကြသည်။ ဒီနေ့က ရုက္ခဗေဒဖြေမည့်နေ့မို့ အကုန်လုံးက စာပြန်နွှေးနေကြသည့်အထဲ အသံပြဲကြီးနှင့် အော်လာလိုက်တာ မချိမဆန့်။

"ဟေ့ကောင် ဘာပြဿနာလဲ။ ဘာလို့အကျယ်ကြီးအော်လာနေရတာလဲ"

ရည်မွန်က ကောင်လေးကို ဆီးဟောက်သည်။ ကျောင်းသားရေးရာက လူမို့ ရည်မွန့်မှာ အထိုက်အလျောက်တော့ အာဏာရှိပါ၏။ ထိုကောင်လေးကတော့ ရည်မွန့်လက်အောက်က ကောင်လေးဖြစ်ပြီး ရည်မွန်ကို အရာရှိမင်းဟု နောက်နောက်ပြောင်ပြောင်ခေါ်တတ်သည်။

"ဟောဟဲ ဟောဟဲ ပြဿနာက အကြီးကြီးပဲ အရာရှိမင်းရေ"

ကောင်လေးက မောဟိုက်သည့်အသက်ရှူသံတို့ဖြင့် စကားပြောနိုင်ခြင်းလည်း မရှိသေးသည်မို့ သူတို့နှစ်ယောက်မှာ မေးဖို့မြန်းဖို့အရေး စောင့်နေရသေးသည်။

"ဟဲ့ ဘာဖြစ်လို့လဲဟယ် ရေရောသောက်ဦးမလား"

"ဟင့်အင်း ဟင့်အင်း"

ကောင်လေးက သက်လျာ၏အမေးကို ခေါင်းတခါခါနှင့် တုံ့ပြန်သည်။ ထို့နောက်

"မေးခွန်းဟောင်း... မေးခွန်းဟောင်း နံပါတ်၇၄ကြီးကို စာမေးပွဲမေးခွန်းမှာ မြင်ခဲ့တယ်"

"ဘာကြီး? အဲ့၇၄ဆိုတာကြီးက ဘာကြီးလဲ။ မင်းက ဘယ်လိုမြင်ခဲ့တာလဲ"

ရည်မွန်၏ အမေးစကားကိုကြားတော့ ကောင်လေးက လက်ကာပြကာ သူ့လွယ်အိတ်ထဲ နှိုက်နေ၏။ အတန်ကြာနှိုက်ပြီးမှ ပြဌာန်းစာအုပ်မှ စုတ်ပြဲနေသည့်အပိုင်းလေးကို ထုတ်ပြလာကာ

"ဒီအပုဒ်"

ရည်မွန်နှင့် လိုတရပါမက ဘေးပတ်ဝန်းကျင်မှ မသိမသာ နားစွင့်အကဲခတ်နေကြသူများပါ အေးခဲသွားတော့သည်။ ထိုအပုဒ်ကြီးက အတော်ကြီး ခက်ခဲရှည်လျားသည်။ ကျက်ရင်တောင် လျှာလိပ်တတ်သည့် အပုဒ်ကြီးဖြစ်သည့်အပြင် တီချယ်ကလည်း မျက်နှာသာမပေးခဲ့သည့် အပုဒ်ဖြစ်တာကြောင့် ဘယ်သူကမှ အထင်တကြီးနှင့် ကျက်မထားကြ။ တစ်ခန်းလုံး အကြည့်ချင်းဆုံသွားကြကာ ထိတ်ထိတ်ပျာပျာတွေဖြစ်ကုန်သည်။

Love Like Heaven (Completed)Where stories live. Discover now