Episode 178

211 22 5
                                    

Uni

ဆေးရုံသည် ဆောက်လုပ်ရေးခွင်နဲ့ သိပ်မဝေးသည့် နေရာတွင်တည်ရှိသည်။ အဖြူရောင်အဆောက်အဦးများစွာတည်ရှိသော ဆေးရုံဝန်းထဲသို့ ကားဝင်သွားသည့်အခါ အနီးတဝိုက်မှလူများက စူးစမ်းကြည့်ဖြင့် လှမ်းကြည့်ကြသည်ကိုလည်း တွေ့ရသည်။ ဒါပေမဲ့ဆေးရုံကားသွားခေါ်ရသည်ဆိုတာ ဆေးရုံဝန်းထဲက လူတွေအတွက်တော့ ပုံမှန်လိုဖြစ်နေပြီမို့ ထူးပြီး အာရုံမစိုက်ကြတော့ပေ။

လူမှုဝန်ထမ်းအစ်ကိုကြီးတွေက လူနာကိုဂရုတစိုက်သယ်ကာ ဆေးရုံဆောင်အတွင်းသို့ ချက်ချင်းခေါ်သွားပေးသည်။ သူတို့ခေါ်သွားပေးလို့ပင်။ လိုတသာဆို ဒီလောက်များတဲ့ အဆောက်အဦးတွေထဲမှာ ဘယ်ကိုဝင်လို့ဝင်ရမယ်မှန်း မသိမှာ အသေအချာ။ ဆေးရုံခန်းသည် ဟောခန်းကျယ်ကြီးဖြစ်ပြီး ကုတင်တွေက အစီအရီတည်ရှိနေကြသည်။ ကုတင်တွေပေါ်၌ စောင်အပါးလေးများ ခင်းပေးထားပြီး ကုတင်တစ်ခုနဲ့တစ်ခုကြား လိုက်ကာစအကြီးကြီးတွေ ကာလို့ရသည့် စနစ်ကို ကျင့်သုံးထားသည်။

လူနာရောက်လာတော့ ဆရာဝန်သွားခေါ်ရသည်။ ဆရာဝန်က သွေးထွက်နေသည့်ခေါင်းကို ကုသပေးပြီး ပတ်တီးပါစီးပေးလိုက်သည်။ ထို့နောက် အရိုးကျိုးသွားမလိုဖြစ်သွားသည့် ခြေထောက်။ ခေါင်းရောခြေထောက်ရော ပတ်တီးတွေချည်းပင်။ လက်ဖဝါးက ပွန်းပဲ့ဒဏ်ရာတချို့ပါ ရလိုက်သေးသည်။ လိုတမှာ ဘေးကရပ်ကြည့်နေရင်း မသက်မသာ ခံစားရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလေးမြင်ရတာပဲတော်သေးသည်။ အရေးပေါ်ခန်းထဲရောက်မသွားတာကိုပဲ သူ့မှာ ကျေးဇူးတင်ရမည်ဖြစ်သည်။ ဆောက်လုပ်ရေးခွင်မှာ လူသေတယ်ဆိုတာ သေဆုံးသူဘက်ရော ဆောက်လုပ်ရေးဘက်ရော နှစ်ဦးနှစ်ဖက်အတွက် ထိခိုက်မှုကြီးပဲဖြစ်သည်။ မတော်တဆဆိုတာ ဖြစ်တတ်ကြပေမဲ့ ဘယ်သူမှ မဖြစ်ချင်ကြ။

"လူနာရှင်မလားရှင့်"

"ဟုတ်ကဲ့ပါ"

ဆရာဝန်က လူနာကို နားကြပ်တစ်လက်နဲ့ စမ်းသပ်ပေးနေစဉ်မှာတင် သူနာပြုမလေးက သူ့အနား တိုးကပ်လာသည်။ ရင်ဘတ်ထဲမှာလည်း ဖိုင်တစ်ခု ပိုက်လျက်သားလေးနှင့်။

Love Like Heaven (Completed)Where stories live. Discover now