Episode 139

159 15 6
                                    

Uni

"တီ တီ တီ"

"ဟော သား ပိုင်ဥာဏ်ရောက်ပြီထင်တယ်။ ဒီကလေးကတော့လေ အစောကြီးရှိသေးတဲ့ဟာကို"

အမေက နံရံက နာရီကိုကြည့်ပြီး ပွစိပွစိလုပ်နေသည်။ လိုတကတော့ အမေ့ကိုကူညီဖို့ အင်္ကျီလက်ကို ခေါက်တင်ထားရင်း ဒီအတိုင်းပဲ ရပ်နေမိသည်။ ထိုသည်ကို တွေ့တော့ အမေက မီးဖိုချောင်ထဲက လှမ်းအော်လေသည်။

"ဟဲ့ လိုတ ကိုယ့်သူငယ်ချင်းလာတာကို တံခါးသွားဖွင့်ပေးလိုက်လေ။ ဘာလုပ်နေတာလဲ"

"ဪ ဟုတ် ဟုတ် အမေ"

ရန်ဖြစ်ထားပါတယ်လို့ ပြောလို့လည်း မကောင်းတော့ လိုတမှာ အင်တင်တင်နှင့်ပင် တံခါးဆီ သွားလိုက်ရသည်။ အမေ့ကို အကြောင်းစုံ ပြောပြလိုက်လို့ရပေမဲ့ အမေက အခုအချိန်မှာ ပိုင်ဥာဏ်ကို အလွန်အမင်း သဘောကျနှင့်ပြီးသားဖြစ်နေလေပြီ။ ခုအချိန်မှ ရာဇဝင်ကို ပြန်လှန်လိုက်ပြန်ရင်လည်း လိုတရတို့ပဲ အဆူခံရဦးမှာ မြင်ယောင်နေသေးသည်။ ထို့ကြောင့် အလိုက်သင့်လေးနေပေးလိုက်တာ အသင့်တော်ဆုံးပင်။

အမေတို့က ၂ရက်လောက်ပဲ နေကြမှာဖြစ်သည်။ လိုတအတွက် ၂ရက်လောက် သရုပ်ဆောင်ပေးရတာ ဘာမှပင်ပန်းတာ မဟုတ်ပေ။ ပိုင်ဥာဏ် ဘာပြဿနာရှာမလဲဆိုတာကို တွေးရခြင်းသည်သာ သူ့အတွက် ပင်ပန်းခြင်းဖြစ်သည်။

"ဝင်"

တံခါးကို ဖွင့်လိုက်ပြီး အပြင်ဘက်မှ အရပ်ရှည်ရှည်လူသားကို ဘောက်ဆတ်ဆတ် ပြောလိုက်သည်။ ပိုင်ဥာဏ်က တစ်လောကလုံးက ကောင်မလေးတွေ ကြွေကျသွားနိုင်လောက်သည့် အပြုံးတစ်ပွင့်နှင့် အထဲကို ဝင်လာသည်။ လက်ထဲမှာလည်း ပန်းသီးအကြီးကြီးတွေထည့်ထားသည့် ခြင်းကြီးနှင့်။

"ဟော သားရေ ဘာတွေဝယ်လာတာလဲ။ အားနာဖို့ကောင်းလိုက်တာမှ"

အမေက မီးဖိုချောင်ထဲက လှမ်းကြည့်ရင်းမှ ပိုင်ဥာဏ့်ကို လှမ်းပြောသည်။ ပိုင်ဥာဏ်ကတော့ လိမ္မာယဉ်ကျေးသည့်အပြုံးလေးနှင့် သစ်သီးခြင်းကို စားပွဲပေါ်တင်လိုက်ကာ

"မဟုတ်ပါဘူး အန်တီ။ ထမင်းစားပြီးရင် ခွဲစားဖို့ဝယ်လာတာပါ။ ကျွန်တော်လည်း စားမှာပဲကို။ နောက်ပြီး လူရင်းတွေပဲ ဥစ္စာ အားမနာပါနဲ့"

Love Like Heaven (Completed)Where stories live. Discover now