Episode 140

193 21 3
                                    

Uni

ပတ်ဝန်းကျင်သည် လူသံသူသံတွေနှင့် ဆူညံနေသည်။ အငှားကားသည် ကားဂိတ်ဝင်းကြီးထဲသို့ ဝင်လာလာချင်း အစီအရီရပ်ထားသော အဝေးပြေးကားကြီးများကို ပေါပေါသောသော တွေ့လိုက်ရသည်။ အကောင်ကြီးကြီး ခပ်မြင့်မြင့် ကားကြီးများ၏ ဘေး၌ အချို့သော အိမ်စီးကားသေးသေးကွေးကွေးများကိုလည်း မြင်ရသည်။ လူများကလည်း သူ့ကိစ္စနှင့်သူ ပျားပန်းခတ်နေကြသည်မှာ ဆူဆူညံညံနှင့်ပင်။

အချို့ကားတွေက ထွက်ခွာနေကြသည်။ အချို့ကားတွေလည်း ရပ်ဆဲနှင့်ပင် ကုန်တင်ကုန်ချလုပ်နေကြ၏။ ပတ်ဝန်းကျင်သည် အာရုံစိုက်စရာများလွန်း၍ စိတ်အနှောက်အယှက်ဖြစ်စရာအဖြစ်သို့ တဖြည်းဖြည်း ကူးပြောင်းသွားသည်။ အငှားကားသည် ဝင်လာကတည်းက ဟိုလမ်းကိုချိုးဝင်လိုက် ဒီလမ်းကို ကွေ့သွားလိုက်နှင့် လိုရာအရပ်ဆီ မရောက်နိုင်သေး။ အဝေးပြေးကွင်းဆိုသည်မှာလည်း ထိုကဲ့သို့ တလံတလျား ကျယ်ဝန်းရှည်လျားနေသေးသည်။

"ရောက်ပြီ အဲ့ရှေ့မှာပဲ"

ပြန်ရမည့် အဝေးပြေးကားဂိတ် ဆိုင်းဘုတ်ကို ခပ်လှမ်းလှမ်းက လှမ်းမြင်လိုက်ရပြီမို့ လိုတက ကားဆရာကို လှမ်းသတိပေးသည်။ ကားဆရာသည် ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် အခြေအနေကြည့်ကာ ထိုကားဂိတ်အနားသို့ ကားရပ်ပေးသည်။

"အမေ လာ"

အမေ့ဆီကို တံခါးဖွင့်ပေးလိုက်ပြီးနောက် အထုပ်အပိုးတွေကိုပါ တစ်ခါတည်း ချလိုက်သည်။ ငွေရှင်းပြီးသည့်နောက် အငှားကားထွက်သွားသည့်အခါ ပစ္စည်းပုံကြီးနှင့် သူတို့သာ ကျန်ရစ်ခဲ့တော့တာဖြစ်သည်။

"အမေ ကားဂိတ်ဆီ သွားကြစို့။ အချိန်က နီးနေပြီ"

"သား"

"ဗျာ"

အမေ့ခေါ်သံကြောင့် လိုတက အထုပ်ကိုမလျက်သား ပြန်လှည့်ကြည့်လိုက်သည်။ အမေက နူးနူးညံ့ညံ့ပြုံးရင်း

"ဒီအပြင်မှာပဲ ရပ်စောင့်ကြပါစို့။ အထဲမှာ လူတွေ ဒီလောက်တောင် ကျပ်သိပ်နေတာ စိတ်ညစ်ဖို့ ကောင်းတယ်လေ"

လိုတ ဒီတော့မှ ကားဂိတ်ထဲကို လှမ်းကြည့်မိသည်။ လူသည် အမှန်တကယ်ပဲ ပြည့်သိပ်နေလေသည်။ ၈ပေလောက်ရှိသည့်အခန်းလေးထဲမှာ ခုံတန်းလေးတွေနှင့် ထိုင်နေကြသော လူအရေအတွက်က နည်းနည်းနောနောမဟုတ်။ လှမ်းကြည့်ရုံနှင့်ပင် အသက်ရှူ ကျပ်ချင်စရာ။

Love Like Heaven (Completed)Where stories live. Discover now