Uni
တစ်ခါတလေတော့လည်း ကျောင်းယူနီဖောင်းကို သဘောကျမိသည်။ ကျောင်းက ပေးသည့် ရှပ်အင်္ကျီနှင့် ပုဆိုးအစိမ်းကို ဝတ်ရတာ ကျော့ရှင်းသည်ဟု စိတ်ထဲက တွေးမိသည်။ ကျောင်းစိမ်းဝတ်ပြီး ဆံပင်လေးတစ်ချက်သပ်လိုက်ရုံဖြင့် ကိုယ့်ကိုယ်ကိုယ် ပြီးပြည့်စုံသွားသလို ခံစားရတာလည်း မှော်တစ်မျိုးဖြစ်၏။ သပ်သပ်ရပ်ရပ်ကျော့ကျော့မော့မော့ ဝတ်ဆင်ထားသော ခန္ဓာကိုယ်ဖြင့် ထမင်းစားဆောင်ထဲကို ဝင်လိုက်သည်။ ပိုင်ဥာဏ်တို့က စားပွဲမှာ ကြိုရောက်နေကြပြီဖြစ်သည်။ ခန့်မင်းနဲ့ လိုတသာ နောက်ဆုံးရောက်လာသော လူနှစ်ယောက် ဖြစ်နေသည်။
မနက်စာစားဖို့ စားပွဲပေါ်သို့ စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်သည်။ လက်ဖက်ထမင်းကြော်အပြင် လိမ္မော်ရည်တစ်ခွက်ကိုပါ တွေ့လိုက်ရတော့ ခန့်မင်းရော လိုတပါ ပျော်သွားကြ၏။ ခန့်မင်းကျော်က သွားကြီးဖြီးပြီး မီးဖိုချောင်ဘက်က အန်တီဝဝကြီးဆီသွားကာ မျက်နှာချိုသွေးသည်။
"အန်တီစု ဒီနေ့ အရမ်းချောနေပါလားဗျ"
ကြယ်ရောင်ရဲ့ ပင်တိုင်စားဖိုမှူး အန်တီစုက ဝဝဖိုင့်ဖိုင့်ကြီးဖြစ်ပြီး အစားအသောက်လက်ရာကောင်းသည်။ ကိုယ်ပိုင်ကျောင်းဆိုတော့လည်း အိမ်လိုမဟုတ်သည်မို့ တစ်ခါတလေ ဟင်းကောင်းမစားရတာမျိုးလည်း ရှိသည်။ သို့သော် ဟင်းကောင်းဟု ပြောလို့မရသည့် ဟင်းတွေကိုတောင် အန်တီစုက ကောင်းအောင်ချက်နိုင်သည်။ ဒါကြောင့်မို့ သူတို့အုပ်စုမှာ ဘယ်တော့မှ အစားအသောက်ပျက်သည်မရှိ။
"ဘာလဲ ဘာတွေလာဖားပြန်ပြီလဲ ငဖားလေး"
အန်တီစုက နေ့လည်စာချက်ဖို့ ခရမ်းချဉ်သီးတွေလှီးရင်း လှမ်းပြော၏။ ခန့်မင်းကျော်ကို အန်တီစုကတောင် ကောင်းကောင်းသိနေပြီဖြစ်သည်။ ခန့်မင်းကျော်ဆိုတာ အစားအသောက်အတွက် အန်တီစုကို မကြာမကြာသွားပြီး အထွန့်တက်နေသူ။
"အန်တီစု ကြက်ဉက ရိုးနေပြီ ကြက်သားကြော်လေး တစ်ခါတလေ ကြော်မကျွေးချင်ဘူးလား"။ "အန်တီစု ပဲပြားမစားချင်ဘူး အဲ့တာကြီးက ပိုးမွှားတွေများတယ်တဲ့" စသည်စသည် သွားသွားပြီး ဒုက္ခပေးလာတာ နှစ်စကတည်းက ဖြစ်သည်။ ဒီတော့လည်း အန်တီစု ခန့်မင်းကျော်ကို မှတ်မိတာ မဆန်း။ ခန့်မင်းကျော်က မီးဖိုထဲရောက်လက်စနှင့် အပေါက်ဝနားရှိ အန်တီစုကိုကျော်ကာ ဒယ်အိုးဆီ လှမ်းcheck၏။ ကြက်ဉကြော်အပုံလိုက်ကို တွေ့တော့ ရှုံ့မဲ့သွားကာ
YOU ARE READING
Love Like Heaven (Completed)