Uni
"အဲ့တာ မေမေက ပရိဘောဂတွေ ဘာတွေပါ ဝယ်ထည့်ထားပြီးပြီ။ သားအလုပ်မဝင်ခင်တစ်ရက်လောက်မှာ ရွှေ့နေလိုက်ရုံပဲ"
ပိုင်ဥာဏ်၏ တွေးတောနေသော အာရုံတို့က သူ့အမေဆီ ရောက်သွားပြန်သည်။ တကယ်ဆို ဒီလောက်မြန်မြန်ဆန်ဆန်ရွှေ့ခိုင်းနေတာတော့ နည်းနည်း သံသယဖြစ်စရာကောင်းသည်။ ပိုင်ဥာဏ်က ဖုန်းကို လက်ချောင်းတွေနဲ့ကစားနေရင်း အမှတ်တမဲ့ အခန်းတံခါးဆီ ကြည့်လိုက်သည်။ မေမေဝင်လာတုန်းက ပြန်ပိတ်သံကြားခဲ့သော တံခါးသည် အခုတော့ ခပ်ဟဟလေးပွင့်နေသည်။ အခန်းတံခါးကြားမှ မျက်လုံးတစ်လုံးက ပြူးနေသည်ကို တွေ့လိုက်တော့ ပိုင်ဥာဏ်က ဟွန့်ခနဲရယ်မိသည်။
ဘာမှမဟုတ်။ ဒီကိစ္စ မေမေလောနေတာက ဖေဖေ့စနက်ပဲဖြစ်မည်။ မေမေက တက္ကသိုလ်တလျှောက်လုံးအပြင် သင်တန်းကာလပါ ထပ်ခွဲခဲ့ရသော သူ့သားကိုပြန်တွေ့ရသည့်အခါ ထမင်းကျွေးတာကအစ ရေခပ်တာအဆုံး လိုက်လုပ်ပေးတော့သည်။ ထိုအခါ ဖေဖေမှာ ခါတိုင်းလို သူ့မိန်းမနားကပ်လို့မရတော့။ တစ်ဖက်လူကလည်း သားဖြစ်နေတော့ ပြိုင်လို့အဆင်မပြေ။ ဒီလိုနဲ့ပဲ ပိုင်ဥာဏ်အလုပ်ရသည့်အခါ 'အိမ်ခွဲနေဖို့'မဟာဗျူဟာကြီးကို ပြောင်မြောက်စွာ ချမှတ်လိုက်ဟန်တူပါသည်။
"ဖေဖေလား ဝင်ခဲ့လေ"
"အဟမ်း"
ဝင်ခဲ့လေဆိုတော့မှ ဦးတည်ကြည်က ချောင်းဟမ့်ကာ ခပ်တည်တည်နှင့် ဝင်လာသည်။ မေမေကတော့ သူ့ယောကျ်ားကို ခေါင်းမော့ကာ ပြုံးပြ၏။
"ဟိတ်ကောင် ဘာမှတွေးမနေနဲ့။ တိုက်ခန်းမှာပဲ သွားနေလိုက်။ မင်း နောက်တစ်ခါ ကားမတော်တဆဖြစ်ရင် မင်းအမေကလည်း လိုက်ပေးနိုင်မှာမဟုတ်ဘူး။ မင်းအဘွားကရှိသေးတယ်။ လူကြီးတွေကို စိတ်ပူအောင် လုပ်မနေနဲ့တော့"
"အစ်ကိုကလည်း... နောက်တစ်ခါ ကားမတော်တဆဖြစ်ရင်လို့ မပြောပါနဲ့။ ဘယ်လိုဖြစ်လို့ နမိတ်မကောင်းအောင်ပြောရတာလဲ"
"ဆောတီးပါ မေရယ်။ အစ်ကိုက အဲ့လိုဆိုလိုတာ မဟုတ်မှန်း မင်းသိသားနဲ့ကို"
ပိုင်ဥာဏ်က သူ့ရှေ့က နှစ်ယောက်ကို မျက်လုံးဝင့်ကြည့်လိုက်မိသည်။ ပြီးနောက် ဖုန်းကို ခပ်ဆဆကိုင်လိုက်ကာ
YOU ARE READING
Love Like Heaven (Completed)