Chapter 6
အရိုးပြာများ–
ရွှယ်ဟုန်ယန် ခေါင်းညိတ်ပြီး ဆိုလိုက်သည်။
"အရှင်မင်းကြီးက အမျှော်အမြင်ကြီးလှပါတယ်"
ရွှယ်ကျွင်းလျန်က အချို့အချိန်တွေ၌ ဘာမှမပြောချေ။ အခြားတစ်ယောက်ကိုသာ စိုက်ကြည့်နေတတ်၏။ ရွှယ်ဟုန်ယန်အနေဖြင့် အနည်းငယ်ထိတ်လန့်သွားတတ်ကာ သူ့ကိုယ်သူ ပိုမိုနှိမ့်ချပြီး ပို၍ရိုသေလေးစားပုံပြဖို့ ကြိုးစားနေသည်။
ရွှယ်ကျွင်းလျန်က သူ၏ပုခုံးကိုလှမ်း၍ ပုတ်ပေးကာပြုံးလျက်
"ဘာလို့ သူစိမ်းတွေလိုလုပ်နေရတာလဲ"
"ဒါက အရှင်သခင်နဲ့ကျွန်ကြားကဆက်သွယ်ရမယ့်နည်းလမ်းပါ၊ ဒီအစေခံကမလုပ်ရဲ..."
"တကယ်တော့...."
ရွှယ်ကျွင်းလျန်က ဆိုသည်။"ဒီနှစ်အနည်းငယ်အတွင်းမှာ အတိတ်နဲ့ပတ်သက်ပြီး တွေးမိတယ်၊ ဟုန်ယန် မင်းသတိထားမိလား၊ ငါမင်းရှေ့မှာ 'ကု'ဆိုပြီး တစ်ခါမှ မသုံးနှုန်းဖူးဘူး၊ ဘာလို့လဲဆိုတော့ မင်းက ငါ့ရဲ့ထာဝရညီငယ်လေးမို့ပဲ"
ရွှယ်ကျွင်းလျန် သက်ပြင်းချလိုက်သည်။ ပြီးနောက် ရှေ့ကို ခြေလှမ်းအနည်းငယ် လှမ်းလိုက်၏။ သူက ရွှယ်ဟုန်ယန်ကို ကျောပေးကာ ထပ်ပေါင်းပြောလိုက်သည်။
"အရာတွေအများကြီးက ငါမျှော်လင့်သလို မပြောင်းလဲနိုင်ဘူး၊ အတိတ်တုန်းက ငါ ဒီတိုင်းပြည်ကို စစ်ပွဲတွေနဲ့ကင်းကွာပြီး ငြိမ်းချမ်းစေချင်ခဲ့တယ်၊ ဒါပေမယ့် အတိတ်ကရွှယ်ကျွင်းလျန်က သေဆုံးသွားခဲ့ပြီ၊ လက်ရှိငါကတော့ ရန်သူ့မြေတွေကို တိုက်ခိုက်နယ်ချဲ့ပြီး ကိုယ့်တိုင်းပြည်ကို ကာကွယ်နေတဲ့ အာဏာရှင်ဖြစ်နေပြီ၊ အခုကစ နောင်နှစ်တစ်ရာအထိ လူတွေက ငါ့ရဲ့အုပ်ချုပ်ပုံကို အကဲခတ်ကြလိမ့်မယ်၊ မင်းငါ့ကို အပြစ်တင်မှာလား"
"အရှင်မင်းကြီး..."
ရွှယ်ဟုန်ယန် ပြတ်သားသောအသံဖြင့်ထပ်ဆိုသည်။
"ဟုန်ယန် နန်းမြို့ကို နှစ်အတော်ကြာအောင် မပြန်ခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော် မင်းကြီးရဲ့အလုပ် ဘယ်လောက်ခက်ခဲလည်း လုံးဝကိုနားလည်ပါတယ်၊ တစ်နေ့မှာ ဟုန်ယန်က ကြီးမြတ်တဲ့စစ်သူကြီး ဒါမှမဟုတ် သာမန်လူ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ၊ လေးစားဖို့ကောင်းတဲ့အစ်ကိုတော်ရှိနေတဲ့အတွက် နောင်တမရဘူး၊ ကျွန်တော် အရှင်မင်းကြီးကို ဘယ်တော့မှ အပြစ်မတင်ဘူး"
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...