"အကျည်းတန် ဧကရီ"

1.8K 172 1
                                    

Chapter 28
သံယောဇဉ်ဖြတ်တောက်ခြင်း

လွေ့ရွှယ်က လက်ထောက်တစ်ယောက်ဖြစ်ပြီး ကျူးလုကိုယ်တိုင် ရွေးခြယ်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက ဖုန့်မင်ဘေးတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သူဖြစ်၍ အမတ်မင်းအပေါ်  ဖု့န်ဝမ်၏ ခံစားချက်က အလွန်နက်ရှိုင်းကြောင်းကို အခြားလူများထက် ပိုသိသည်။ ထိုသံယောဇဉ်ကို အလွယ်တကူ ဖျက်ဆီးပစ်၍ မရနိုင်ပေ။ သို့သော် သူမက အာဏာမရှိသူဖြစ်၍ ကူကယ်ရာမဲ့နေသည်။ သူမတွင် ကူညီပေးနိုင်စွမ်းရှိလျှင်ပင် ကူညီ၍ မရနိုင်သော အခြေအနေဖြစ်နေသည်။ အဘယ့်ကြောင့်‌ဆိုသော် ဤကိစ္စက ယောက်ျားနှစ်ယောက်ကြားမှ ကိစ္စတစ်ခု မဟုတ်တော့ပဲ တိုင်းပြည်နှစ်ခုကြားမှ အရေးကိစ္စဖြစ်နေသည်။

လွေ့ရွှယ်က ကုတင်အနားသို့လျှောက်လာပြီး ညင်သာစွာပြောလိုက်သည်။
" တာ့ဝမ် ကျေးဇူးပြုပြီး တစ်ခုခုစားပါဦး ..."

ဖုန့်ဝမ်က ခေါင်းငြိမ့်သည်ဆိုရုံသာ ငြိမ့်ပြလိုက်သည်။

လွေ့ရွှယ်ပြောလိုက်သည်။
" တာ့ဝမ်က အမတ်မင်းရဲ့ အရေးကြီးဆုံးလူလေ ... အရှင်က အမတ်မင်းကို နားအလည်ဆုံးလူဆိုလည်း ဟုတ်တယ် ... ဒီရက်တွေအတွင်း သူ နန်းတွင်းကို မဝင်ချင်တာက တစ်ယောက်ယောက်ကို စော်ကားမိမှာစိုးလို့ ဖြစ်ပါလိမ့်မယ် တာ့ဝမ် ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ ..."

ဖုန့်မင်က တုံးတိတိသာ ရယ်လိုက်ပြီး တစ်ဖက်သို့လှည့်၍ လွေ့ရွှယ်ကို စိုက်ကြည့်နေလိုက်သည်။ သူ့အကြည့်ကြောင့် လွေ့ရွှယ် နေရထိုင်ရခက်လာသည်။

" မင်း ပြောတာမှန်တယ် ..."
ဖုန့်မင် ပြောလိုက်သည်။

" သူ့ကို ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ထားထားတယ် ဒါပေမယ့် နှစ်ပေါင်းများစွာကြာတဲ့အထိ သူကငါ့ကို ချစ်ခင်တဲ့ပုံမပြဘူး ... ကိုယ်တော်က ဒီတိုင်းပြည်ရဲ့ သက်ဦးဆံပိုင်ဘုရင်ဖြစ်တာကြောင့် ကိုယ်တော့်ကို သူ့လိုမျိုး ဘယ်သူကမှ မဆက်ဆံခဲ့ဖူးဘူး ... တကယ်လို့ တကယ်လို့ ကိုယ်တော်က ဘုရင်တစ်ပါးမဟုတ်ခဲ့ဘူးဆိုရင် ကိုယ်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မယ်ထင်တယ် ..."

"အကျည်းတန် ဧကရီ"Where stories live. Discover now