Chapter 82
ရွယ်ဝမ်၏မွေးနေ့၌ နန်းတွင်းဝန်မင်းများက မွေးနေ့လက်ဆောင်များ ကို နန်းတော်ထဲသို့ ယူဆောင်လာကြပြီး အခမ်းအနားတွင် ရွယ်ဝမ့်ဆီသို့ တစ်ခုပြီးတစ်ခုဆက်သကြကာ တန်ဖိုးကြီး ရတနာ တချို့လည်းပါဝင်လေသည်။
ရွှယ်ဟုန်ယန် နန်းတော်အတွင်းသို့ ထန့်ရှန်းနှင့်အတူဝင်သွားခဲ့၏။အခမ်းအနားတွင် ရွှယ်ဟုန်ယန်က ရွှယ်ကျွင်းလျန်ကို သူ၏မွေးနေ့လက်ဆောင်ကို ဆက်သလိုက်သည်။
ရွှယ်ကျွင်းလျန်က ဘူးကိုဖွင့်ကြည့်လိုက်ပြီး ထိုဟာကိုမြင်မြင်ချင်း ရယ်ကာဆို၏။
"ဟုန်ယန့်ရဲ့လက်ဆောင်က အဆန်းပါလား"
ရွှယ်ဟုန်ယန်က ခေါင်းကိုကုတ်ကာ လျှောက်လေသည်။
"ဒါက ထန့်ရှန်းရဲ့အကြံပြုချက်ပါ အရှင်"
ရွှယ်ကျွင်းလျန်က ခေါင်းညိတ်ကာဆိုလေ၏။
"ထန့်ရှန်းအတွက် စိတ်နှလုံးကောင်းရှိဖို့ မခက်ပေမဲ့ ကုမမျှော်လင့်ထားတာက ထန့်ရှန်းနဲ့ အမတ်မင်းထန့်နန်က တူညီတဲ့အရာကို စဥ်းစားမိတာကိုပဲ"
ထန့်ယွင် သူ့နာမည် အခေါ်ခံရသည်ကို ကြားသဖြင့် လှမ်းကြည့်လိုက်သည်။ရွှယ်ကျွင်းလျန်က ဘရိုကိတ်ဘူးထဲမှ မွေးနေ့လက်ဆောင်ကို ထုတ်ယူလိုက်၏။ ထိုမှသာ ယင်းကမှန်တစ်ချပ်ဖြစ်ကြောင်း ထန့်ယွင်မြင်လိုက်ရပြီး သူရွှယ်ဝမ်ကို ဆက်သခဲ့သည့် လက်ဆောင်ကလည်း မှန်တစ်ချပ်ဖြစ်သည်ပင်။
ဤသည်က ရွှယ်ကျွင်းလျန်အနေဖြင့် ပိုပြီး စဥ်းစားဆင်ခြင်ဖို့ နှင့် ကိုယ့်ကိုကိုယ် ပိုပြီးဆန်းစစ်ဖို့လိုအပ်သည်ဟူသော အဓိပ္ပာယ်ဖြစ်ကြောင်း မြင်နိုင်ဖို့ရာ မခဲယှဥ်းလှပေ။
ထန့်ယွင် ခေါင်းလှည့်ကာ ထန့်ရှန်းကို မကြည့်ဘဲမနေနိုင်ခဲ့။ ဤအကြိမ်တွင် ထန့်ရှန်းကလည်း သူ့ကို အံ့ဩတကြီးကြည့်နေခဲ့သည်။ ထန့်ယွင်၏မျက်လုံးများက လိပ်ပြာမလုံစိတ်ဖြင့် တုန်လှုပ်သွားပြီး အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
ထန့်ရှန်းအနေဖြင့် ထန့်နိုင်ငံမှာရှိစဥ်တုန်းက သဘာဝအတိုင်းပင် ထန့်ယင်းနှင့် ထိတွေ့ဆက်ဆံခဲ့ရသည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...