"အကျည်းတန် ဧကရီ"

1.6K 165 1
                                    

Chapter 45
မဟာဗျူဟာ ( ၂ )

ရွှယ်ဟုန်ယန်က စစ်ရေးအစီရင်ခံစာနှင့် မြေပုံကိုကိုင်၍ ဝင်လာသည်။ ဧကရီက ရွှယ်ဝမ်၏ဘေးနားတွင် ထိုင်နေသည်ကို မြင်လိုက်ရသောအါ အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။ သို့ရာတွင် သူမ ဤနေရာတွင် ထိုင်နေရသည့်အကြောင်းကို တွေးနေရန်အချိန်မရှိတော့၍ ရွှယ်ကျွင်းလျန်ကိုသာ အစီရင်ခံစာပေးလိုက်သည်။

  ရွှယ်ကျွင်းလျန်က စာလွှာကိုဖွင့်ဖတ်လိုက်သည်။ ၎င်းက အမှန်ပင် အရေးကြီး၍ အလျင်လိုသောကိစ္စပင်ဖြစ်သည်။

ရွှယ်ယွီနှင့် ထန့်ရှန်တို့ကြားမှ ဆက်ဆံရေးမပြေလည်မှုကြောင့် စစ်တပ်က နှစ်ခြမ်းကွဲသွားခဲ့သည်။ စစ်သည်အများစုကမူ နယ်စားမင်းကျန့်ကျန်းဘက်မှ ရပ်တည်ကြသည်။ အဘယ့်ကြောင့်‌ဆိုသော် နယ်စားမင်း ကျန့်ကျန်းကသာ ရွှယ်တိုင်းပြည်သားဖြစ်ပြီး ရာထူးကြီးမြင့်သူဖြစ်သောကြောင့်ပင်။ စစ်တပ်မှ လူအနည်းငယ်ကမူ ထန့်ရှန်၏ဘက်မှ ရပ်တည်ကြသည်။ ထန့်ရှန်က တိုင်းတစ်ပါးသားဖြစ်သော်လည်း စစ်သည်များကိုဦးဆောင်နိုင်စွမ်းရှိပြီး ရန်သူဘက်မှ စစ်သူကြီးတစ်ယောက်ကို သတ်ဖြတ်ထားသည့် အောင်မြင်မှု ရရှိထားသောကြောင့်ဖြစ်သည်။

စစ်တပ်တွင် စိတ်ဝမ်းကွဲနေခြင်းက ရန်သူများအတွက် အခွင့်အရေးကောင်းဖြစ်သွားနိုင်သည်။

နယ်စပ်နှင့် မနီးမဝေးတွင် ဒေသငယ်လေးတစ်ခုရှိသည်။ ထိုဒေသက အလွန်ခေါင်ပြီး လူဦးရေနည်းပါးသည်။ ၎င်း၏ အနီးအနားတွင် ရေအရင်းမြစ်မရှိသည့်အပြင် တောင်များဖြင့် ဝန်းရံထားခြင်းလည်းမရှိပေ။ ထိုဒေသက တန်ဖိုးမရှိပုံပေါ်သော်လည်း ၎င်းကို စစ်ရေးအချက်အချာနေရာအဖြစ် သုံးလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။

ထန့်ရှန်က ချန်းထျန်နှင့် ကျူ့ကျန့်ရင်တို့၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ထိုဒေသငယ်လေးသို့ စစ်တပ်ကိုပို့ပြီး အကာအကွယ်ကို တိုးမြှင့်စေလိုသည်။ အကယ်၍ ထိုဒေသကို ရန်သူများ ခြေကုပ်ရယူသွားနိုင်ပါက ရန်သူများ၏ အဓိက တိုက်ခိုက်ရန်နေရာ ဖြစ်လာလိမ့်မည်။  ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များကို သယ်ယူသိမ်းဆည်းနိုင်ပြီး ထိုဒေသတွင်လည်း တပ်များ ထားရှိနိုင်သည်။  ထိုမှနေ၍ နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် ရန်သူများက တိုက်ခိုက်ရန် လွယ်ကူနေလိမ့်မည်ဖြစ်သည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now