"အကျည်းတန် ဧကရီ"

1.5K 164 2
                                    

Chapter 55
အဆုံးသတ်ကိုရောက်ရှိတော့မည့် အသက်တစ်ချောင်း ( ၂ )

" ဧကရီအရှင်မ အသက် အန္တရာယ်ရှိနေပြီလို့ အော်နေတာပါ..."

" ရိုင်းစိုင်းလိုက်တာ..."

ရွှယ်ကျွင်းလျန်က လက်တင်သည့်နေရာကို လက်ဖြင့်ဆောင့်ချလိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။

" တိုင်းပြည်ရဲ့မိခင်ကို အဲ့လို မုန်းတီးတဲ့စကားတွေပြောနိုင်ဖို့ ဘယ်က သတ္တိတွေ ရလာတာလဲ..."

ပညာရှင်၏ပုံစံက ကြောက်သွားပုံမရပေ။

" အဲ့ဒါ သတ္တိမဟုတ်ပါဘူး အမှန်တရားပါ...  ဧကရီရဲ့ အသက်က အဆုံးသတ်အခြေအနေရောက်ဖို့ နီးကပ်လာပါပြီ..."

ပညာရှင်၏ စကားများကြောင့် ရွှယ်ကျွင်းလျန် ဘဝတစ်လျှောက်လုံးတွင် ပထမဦးဆုံးအကြိမ်အနေဖြင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။ ကျန်းယွီက သူ့ထံသို့ အလျင်စလိုရောက်လာကာ ပြောလိုက်သည်။

" အရှင်မင်းကြီး ဧကရီက တွေ့ခွင့်တောင်းနေပါတယ်..."

ရွှယ်ကျွင်းလျန်က ပညာရှင်ကိုတစ်ချက်ကြည့်ပြီးနောက် ကျန်းယွီဘက်သို့လှည့်လိုက်သည်။

" ဧကရီ့ကို ခန်းမထဲ စောင့်ခိုင်းထားလိုက်... ကိုယ်တော် ခဏနေရင် လာတွေ့မယ်..."

ကျန်းယွီ၏ အနည်းငယ် မျက်နှာပျက်သွားသည်။

" အရှင်မင်းကြီး... ဧကရီက သူ့ကိုယ်သူ နန်းတွင်းမဟာဗျူဟာအကြံပေးလို့ ပြောနေတဲ့ အပြစ်ကျူးလွန်သူကို တွေ့ချင်တယ်လို့ ပြောပါတယ်..."

ထိုစကားကြောင့် ဧကရီက သတင်းများကြားသွားလိမ့်မည်ဟု ရွှယ်ကျွင်းလျန်သိလိုက်၍ ဤကိစ္စကို ဖုံးကွယ်မထားတော့ပေ။ ဧကရီက လိမ္မာပါးနပ်ကာ အပြောကောင်းသူဖြစ်၍ ဤမောက်မာသောပညာရှင်ကို သူ့ဘက်တွင်ခေါ်ထားရန် ပြောကောင်းပြောနိုင်လိမ့်မည်ဖြစ်သည်။

ဧကရီရောက်လာသည်နှင့် သူမကို အစောင့်သုံးယောက်က ဝန်းရံလိုက်သည်။ ရွှယ်ကျွင်းလျန်က ကျန်းယွီကို ခုံတစ်ခုံယူခိုင်းလိုက်သော်လည်း ကျန်းယွီပြန်မဖြေမီမှာပင် ဟယ့်ညီအစ်ကိုသုံးယောက်က ခုံယူလာကြသည်။ သူတို့က ဧကရီကို  အားကိုးရသည့် အစ်ကိုကြီးတစ်ယောက်ကဲ့သိုကြည့်နေကြသည်။

"အကျည်းတန် ဧကရီ"Onde histórias criam vida. Descubra agora