Chapter 56
ထန့်ယွင်က တစ်နေ့ထက်တစ်နေ့ ရွှယ်ကျွင်းလျန်၏စိတ်ကို ပိုနားလည်လာသည်ဟု ခံစားလာရသည်။ သူ၏လုပ်ရပ်များကြောင့် ထန့်ယွင်က ပထမဆုံးတွေ့ခဲ့ချိန်က ထင်မြင်ခဲ့သည်များကိုပင် ဝိရောဓိဖြစ်လာမိသည်။ ရွှယ်ကျွင်းလျန်အကြောင်း ပိုသိလာလေ ပို၍ အံ့အားသင့်လာလေဖြစ်သည်။
ရွှယ်ကျွင်းလျန်က ထန့်ရှန်ကို ရွှယ်ဟုန်ယန်နဲ့အတူတူခေါ်သွားခိုင်းတယ်ဆိုတော့ ဘာသဘောလဲ...
သူ့ညီတော်က ရန်သူတိုင်းပြည်မှ ရောက်ရှိလာသည့် ယောက်ျားတစ်ယောက်အပေါ် ခံစားချက်ရှိနေခြင်းကို ရွှယ်ကျွင်းလျန်က အလိုမရှိဟု ထန့်ယွင် ထင်ခဲ့မိသည်။ သူ့ညီတော်ကို ဟာသတစ်ခုကဲ့သို့ ထင်မြင်မနေစေချင်ပေ။
နယ်စားမင်းဝမ်နျန်က လွှမ်းမိုးမှုရှိသော မင်းမျိုးနွယ်အမျိုးသားတစ်ယောက်ဖြစ်၍ ချစ်သူ အမျိုးသားတစ်ယောက်ရှိခြင်းကို လူများက အံ့ဩစရာဟု ထင်ကြမည်မဟုတ်ပေ။ သို့သော်လည်း ၎င်းက ရွှယ်ဝမ်၏ ထင်မြင်ချက်များကို သက်ရောက်နေသည်။ သို့သော် ရွှယ်ကျွင်းလျန်က ရွှယ်ဟုန်ယန်ကို အပြစ်မတင်ပဲ ထန့်ရှန်ကိုပါ သူနှင့်အတူ လိုက်လာခွင့်ပြုလိုက်သည်။
ချန်ယီ ပန်းဥယျာဉ်ထဲမှ ထွက်သွားသည်အထိ ဧကရီက မျက်မှောင်ကြုတ်နေသည်ကို ရွှယ်ကျွင်းလျန်သတိပြုမိသည်။ ဧကရီ တွေးတောနေသည်ကို ခန့်မှန်းမိပုံဖြင့် ပြုံးလျက်နှင့်ပင် ပြောလိုက်သည်။
" ဘယ်အကြောင်းတွေကြောင့်များ ကိုယ့် ဧကရီက ဒီလောက်အထိ မျက်မှောင်ကြုတ်နေရတာလဲ..."
ထို့နောက် ရွှယ်ကျွင်းလျန်က လက်ဆန့်ထုတ်ပြီး ဧကရီ၏ မျက်ခုံးနှစ်ခုကြားမှနေရာကို ဖိလိုက်သည်။
ထန့်ယွင် အနည်းငယ်ရှောင်လိုက်သော်လည်း ရွှယ်ကျွင်းလျန်၏ အထိအတွေ့အပေါ် သူ၏တုံ့ပြန်မှုကို အနည်းငယ် ထိတ်လန့်မိသွားသည်။ ဖြစ်ရိုးဖြစ်စဉ်အတိုင်း ထိတ်ထိတ်ပျာပျာဖြစ်နေရမည့်အစား ရွှယ်ကျွင်းလျန်၏ ထိတွေ့မှု အသေးအမွှားလေးများကို အသားကျနေခဲ့သည်။ မူလက သူ့ကိုယ်သူ စက်ဆုပ်ခဲ့မိသော်လည်း ယခုအခါတွင် ရှောင်ဖယ်လိုက်ရန်ပင် မေ့လုနီးပါးဖြစ်သွားသည်။ ရွှယ်တိုင်းပြည်နန်းတွင်းတွင် စတင်နေထိုင်ချိန်မှစ၍ သူ အလွန်ပြောင်းလဲသွားခဲ့သည်။
ESTÁS LEYENDO
"အကျည်းတန် ဧကရီ"
FantasíaDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...