Chapter 18
မိတ်ဟောင်းဆွေဟောင်းကြင်ယာတော်အသစ်က နန်းတော်ကိုဝင်လာရုံမျှသာရှိသေးပြီး သဘာဝကျကျပင် သူမ၏လှုပ်ရှားမှုတိုင်းက စောင့်ကြည့်ခံနေရသည်ပင်။ သူမ ထန့်ရှန်ကို ဆင့်ခေါ်ချင်သည့် ရည်ရွယ်ချက်ကို ဖော်ပြလိုက်သောအခိုက်မှာတင် နောက်တစ်စက္ကန့်တွင် ထန့်ယွင်ဆီ သတင်းရောက်သွားတော့သည်။
ထန့်ယွင်က ရှို့ယောင်တင်ပြလာသည့် ထန့်ရှန်က အခု ဥယျာဉ်ငယ်ထဲမှာ ရှိနေတယ်ဆိုတာကို နားထောင်နေခဲ့သည်။ ထန့်ယွင်၏ ပထမဆုံးအတွေးကတော့ သူထန့်ရှန်ကို တွေ့ချင်သည်ဆိုတာပင်။ သို့သော် ဒါက မသင့်တော်ပေ။ ထန့်ရှန်က ထန့်ယွင်၏လက်ရှိ ရာထူးနှင့်သွင်ပြင်ကို သိမထားပေ။ အကယ်၍ သူတို့သာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါက ကို့ရို့ကားယားနိုင်နေမှာ အသေချာဖြစ်သည်။
ထန့်ချမ်ယီကလည်း ထိုနေရာမှာရှိနေပြီး ဒါကြောင့်ပဲ စကားကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ခဲယဉ်းလိမ့်မည်။
ထန့်ယွင်က ထန့်ရှန်ကို သွားတွေ့ဖို့ မဆုံးဖြတ်ခင်မှာ သူ့အခန်းကို ခြေနှစ်လမ်းအပြည့်နှင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။(ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်)။
ထန့်ယွင် သူ့ဦးလေးကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီမို့ တကယ်ပဲ တွေ့ချင်နေမိသည်။
ရှို့ယောင်က ထန့်ယွင်၏နောက်ကိုလိုက်ဖို့ ပျော်ရွှင်နေခဲ့သည်။ ကြင်ယာတော်အသစ်က တိုင်းတစ်ပါးက ဝန်ကြီးနှင့် ပန်းဥယျာဉ်ထဲမှာ တွေ့ဆုံနေတဲ့အတွက် သူမက ပျော်ရွှင်နေမိသည်။ အခြား ကြင်ယာတော်၏အပြစ်အနာအဆာတွေနှင့် အမှားတွေကို ဖမ်းမိဖို့ရာ သူမက ပိုတောင် ပျော်ရွှင်လာရသည်။ဒါက သင့်လျော်တဲ့အချိန်မဟုတ်သော်လည်းပဲ ရှို့ယောင်က တမင်တကာ သူမသခင်မရဲ့နောက်ကို နန်းဆောင်အစေခံတွေ အများကြီးလိုက်ပါလာဖို့ စီစဉ်ခဲ့သည်။ အတွင်းနန်းဆောင်ကို အုပ်ချုပ်တဲ့ သခင်မကို တိုင်းတစ်ပါးက ကြင်ယာတော်တစ်ယောက်က ဘယ်တော့်မှ ယှဉ်နိုင်လာမှာမဟုတ်သင့်ပေ။
ကြည့်ရတာ ရှို့ယောင်က သူမသခင်မကလည်း တိုင်းတစ်ပါးသူဆိုတာကို မေ့နေပုံပါပင်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...