"အကျည်းတန် ဧကရီ"

1.2K 123 2
                                    

Chapter 95

ထန့်ယွင်က ဘာမှပြန်မပြောလာဘဲ ရွှယ်ကျွင်းလျန်ကဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်က ရတနာတစ်ခုတွေ့ခဲ့ပြီး ကုကို ဆက်သလာတယ်...တစ်ချက်ကြည့်လိုက်တာနဲ့ ထန့်ယင်းနဲ့ကွက်တိပဲဆိုတာမှန်း ကုသိလိုက်တယ်...ထန့်ယင်းက မကြာခင် နန်းတော်ထဲဝင်လာတော့မှာဆိုတော့ ကုသိပ်ပြီးတွန့်တိုနေလို့မဖြစ်ချေဘူး...ကု ဒီရတနာကို ထန့်ယင်းကိုပေးချင်ရုံပါ"

သူက ထိုသို့ပြောရင်း လက်ကိုဝှေ့ယမ်းလိုက်သည်။ ကျန်းယွီ နောက်ပြန်ဆုတ်သွားပြီး ခဏအကြာတွင် ပြန်ရောက်လာကာ နောက်မှ အမျိုးသမီးအစေခံနှစ်ယောက်ပါလာပြီး ယွန်းထည်ဘရိုကိတ်သေတ္တာတစ်ခုစီ အသီးသီးကိုင်ထားကြ၏။

ဘရိုကိတ်သေတ္တာနှစ်ခုကာ သေးငယ်ခြင်းမရှိဘဲ ထောင်မှန်စတုဂံပုံရှိကာ ဘရိုကိတ်သေတ္တာများပေါ်ရှိ ကနုတ်က ဆန်းပြားခြင်းမရှိသော်လည်း အမှန်တွင်မူ ကျိုက်ရှု၏ရုပ်ပုံဖြစ်လေသည်။

(E/N–ကျိုက်ရှုဟာ တရုတ် ယုံးတမ်းတွေနဲ့ ဒဏ္ဍာရီတွေထဲက နတ်သားရဲတစ်ကောင်ပါ။ချန်လွေ့သားရဲနဲ့နဂါးတို့ရဲ့ သားတော်ကိုးပါးမှာ ဒုတိယသားဖြစ်ပါတယ်။ ရှေးသမိုင်းစာအုပ်တွေမှာ သူက သွေးဆာပြီး ရွှင်မြူးတဲ့သတ္တဝါဖြစ်ပြီး ဓားတစ်ချောင်းတဲ့ မောင်းကွင်းမှာ ထွင်းထုထားပြီး ဓားရိုးရဲ့ဝါးမြိုခြင်းခံလိုက်ရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။စရိုက်လက္ခဏာကတော့ ယုံကြည်ချက်ခိုင်မာ၊ ရဲရင့်၊ သွေးဆာပြီးတော့ သူ့ပါးစပ်ထဲမှာဓားတစ်ချောင်းနဲ့ အမြဲတမ်း စိမ်းစိမ်းဝါးဝါးကြည့်နေတတ်ပါတယ်။)

ဒဏ္ဍာရီအရ ကျိုက်ရှုက နဂါး၏ဒုတိယသားတော်ဖြစ်ပြီး အလွန်ပြင်းထန်သည့် စရိုက်လက္ခဏာရှိကာ သတ်ဖြတ်လိုစိတ်ပြင်းသည့်ရန်လိုတတ်သူတစ်ဦးဖြစ်သည်။ ယေဘုယျအားဖြင့် ဓားသည် ပြင်းထန်သောလက်နက်တစ်ခုဖြစ်လေရာ သူ၏ပုံရိပ်ကို အဖိုးတန်ဓားတစ်လက်ပေါ်တွင် ထွင်းထုထားလေ့ရှိပြီး ကျိုက်ရှုကိုထွင်းထုခြင်း၏ရည်ရွယ်ချက်မှာ နတ်ဆိုးများကို တားဆီးရန်ဖြစ်၏။

"အကျည်းတန် ဧကရီ"Where stories live. Discover now