"အကျည်းတန် ဧကရီ"

1.3K 112 3
                                    

Chapter 101

ထန့်ယွင်က သူချီကျန်းကို ဧည့်ခံနေစဥ်မှာ ဝိုင်နှင့်အသားတွေ ယူလာရန် သူ့လူတွေကိုအမိန့်ပေးလိုက်သည်။ ချီကျန်းအနေဖြင့် အလွန်ဆာလောင်နေပြီဖြစ်သော်လည်း ထန့်ယွင်က အညံ့ခံမှ စားရမည်ဟုဆိုလာ၏။

ချီကျန်းမှာ ရွေးချယ်စရာမရှိသည့်အတွက် အညံ့ခံ​ယောင်ဆောင်လိုက်သည်။ ထို့နောက်သူ ဗိုက်ပြည့်သည်အထိစားသောက်ပြီး ဟန်ကြီးပန်ကြီးဖြင့်ပြောလိုက်၏။

"ဒီလူကြမ်းက အညံ့ခံတပ်သားဖြစ်နေပြီးပါပြီ...ဘယ်လိုဗိုလ်ချုပ်မျိူးက ကျုပ်ကို ဒီလိုဆက်ဆံနိုင်မှာမလို့လဲ...ဒီလူကြမ်းက ဗိုလ်ချုပ်နောက်ကိုလိုက်ဖို့ ဆန္ဒရှိတာပေါ့.....

ဒါပေမဲ့ ဒီလူကြမ်းက သူခိုးကျန်းဟုန်ရဲ့တပ်ဖွဲ့အောက်မှာ သေတူရှင်မကွာရှိနေခဲ့ကြတဲ့ သူ့ရဲ့ညီအစ်ကိုတွေကို လက်မလျော့ရက်နိုင်ပါဘူး...ကျန်းဟုန်ရဲ့ တပ်ဖွဲ့အောက်မှာ ဗိုလ်ချုပ်နှစ်ယောက်ရှိပြီးတော့ နှစ်ယောက်လုံးက ဒီလူကြမ်းနဲ့ အင်မတန်ရင်းနှီကြပါတယ်...ဒီလူကြမ်းကို မြင်းမြန်တစ်ကောင်ပေးပြီးတော့ ပြန်သွားခိုင်းရင် ပိုမကောင်းပေဘူးလား...ဒီလူကြမ်းက သူတို့ အညံ့ခံလာအောင် ဖြောင့်ဖြဖို့ ဆန္ဒရှိပါတယ် ...တပ်သားတွေကို ဒီလူကြမ်းနဲ့အတူတူ အညံ့ခံဖို့ရာ ဦးဆောင်လမ်းပြစေတာက ကောင်းတဲ့အရာပဲမဟုတ်ဘူးလား"

ထန့်ယွင်က ​ပြုံးပြီး အံဩသွားဟန်သာဆောင်လိုက်၏။

"ဒီထန့်က ကျန်းဟုန်ရဲ့တပ်ဖွဲ့အောက်မှာ ရဲရင့်တဲ့ဗိုလ်ချုပ်တွေအများကြီးရှိတယ်လို့ကြားဖူးပါတယ်...ဒါက တကယ့်ကို ကောင်းတဲ့အရာပါ"

ထို့နောက် သူက ချီကျန်းကို တဲအပြင်သို့ ကိုယ်တိုင်ခေါ်ထုတ်ကာ စခန်းနောက်ဘက်ရှိ မြင်းဇောင်းဆီကို ဦးဆောင်သွားသည်။ လမ်းတလျှောက် သူတို့စကားပြောနေကြရင်း ချီကျန်း တပ်သားတစ်ယောက်မှစောင့်ကြပ်နေခြင်းမရှိသော တဲဟောင်းလောင်းထဲတွင် ရွှယ်စစ်တပ်၏ ဆန်နှင့်ရိက္ခာပုံကြီးကိုတွေ့လိုက်ရ၏။

ချီကျန်း ထန့်ယွင်ကို အလွန်အယုံလွယ်ပြီး အသင့်ပြင်ထားခြင်းမရှိသည့်အတွက် ကြိတ်ရယ်ကာဖြင့် ဆန်နှင့်ရိက္ခာပုံ၏ နေရာကို တိတ်တိတ်လေး မှတ်သားထားလိုက်သည်။

"အကျည်းတန် ဧကရီ"Where stories live. Discover now