Chapter 23
လိုက်ပါပို့ဆောင်ခြင်းဧကရီက ထန့်ယွင်ဖြစ်နေကြောင်း ထန့်ရှန်က မသိသောကြောင့် သူမကို မြင်သည့်အခါ သူ မည်သို့မျှ မခံစားရပေ။ သူက ဧကရီကို ဂါရဝပြုရုံသာ ပြုလိုက်၍ ထန့်ယွင် စိတ်မသက်မသာဖြစ်သွားသည်။
သူတို့နှစ်ယောက်က ပင်မခန်းမဆောင်ထဲ အတူတကွ ဝင်သွားကြသည်။ ကျန်းယွီ ခေါင်းခါလိုက်မိသည်။ မင်းကြီး၏ စိတ်နေစိတ်ထားအရဆိုလျှင် ဧကရီ၏ ရင်ထဲတွင် အခြားယောက်ျားတစ်ယောက်ရှိနေလောက်ပြီဟု တွေးထင်နေနိုင်သည်။ ထန့်ရှန်နှင့် အရှင်မတို့က တစ်ဦးနှင့်တစ်ဦး မသိကြသော်လည်း အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ကြပြီးသည့်နောက် အရှင်မင်းကြီးက ထန့်ရှန်ကို အမြင်မကြည်တော့ကြောင်း ကျန်းယွီ ခံစားမိသည်။
ထို့အပြင် ထန့်ချမ်ယွီ ပြောခဲ့သည်ကိုလည်း ကျန်းယွီကြားခဲ့သည်။
ကျန်းယွီက စိတ်နေသဘောထားကောင်းမွန်သော ဧကရီကို ထောက်ပံ့ပေးရမည်ဖြစ်သော်လည်း သူက အာဏာရှိသူတစ်ယောက် မဟုတ်ပေ။ ဧကရီ၏သွင်ပြင်မှာ အချိန်တိုအတွင်း အလွန်ကောင်းမွန်လာခဲ့သည်ဖြစ်၍ သူမက ကောလဟာလများနှင့် မဟုတ်မမှန်ပြောဆိုခြင်းများကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်လာသည်။
ရွှယ်ကျွင်းလျန်က ဧကရီနှင့် ထန့်ရှန်တို့ အတူတူဝင်လာသည်ကိုမြင်သောအခါ စိတ်တိုသွားသည်။ သူက ဘုရင်တစ်ပါးဖြစ်သည့်အတွက် သူ၏မိဖုရားများနှင့် ကိုယ်လုပ်တော်များအားလုံးကို သာတူညီမျှ ချစ်ခင်ပေးသည်။ သို့ရာတွင် ၎င်းက လိမ်ညာမှုတစ်ခုသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် အခြားဘုရင်များနှင့်တူညီသော ပြစ်ချက်တစ်ခုရှိသည်။ သူက ကောင်းကင်ဘုံ၏သားတော် သက်ဦးဆံပိုင်ဘုရင် ဖြစ်သည့်အတွက် ကောင်းကင်အောက်မှ အရာအားလုံးက သူ့အပိုင်ဖြစ်ပြီး ထိုအထဲတွင် ဧကရီသည်လည်း အပါအဝင်ဖြစ်သည်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်ကို သူ့ဘေးနားတွင် ထိုင်ခိုင်းစေလိုက်ပြီး ပြုံးပြကာ ပြောလိုက်သည်။
" ဘယ်လိုဖြစ်လို့ နှစ်ယောက်သား တူတူဝင်လာကြတာလဲ ..."
ထန့်ယွင် ပြန်ဖြေလိုက်သည်။
" တံခါးဝမှာ ဆုံခဲ့တာပါအရှင် ..."
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...