"အကျည်းတန် ဧကရီ"

1.2K 118 7
                                    

Chapter 114

ရွှယ်ချန်ကျင်း ထိုသို့တွေးပြီး ထန့်ရှန် ကိုနှောက်ယှက်ခြင်းအား ရပ်တန့်ကာ ထန့်ယွင်ကိုလှည့်ကြည့်လိုက်၏။

ထန့်ယွင် တစ်ဖက်လူက သူ့ကိုကြည့်နေသည်ကိုမြင်သော်လည်း မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။

သူက ကောင်းမွန်စွာမွေးဖွားလာသော်ငြား သူ့မျက်နှာထက်တွင် များစွာသောအမာရွတ်များရှိနေသည်ကို ရွှယ်ချန်ကျင်းမြင်လိုက်ရ၏။ အနှီအမာရွတ်များဟာ ကုသပြီးသည့်နောက် မပျောက်သွားသော်လည်း ယခင်ကထက် များစွာပိုပြီးမှိန်ဖျော့လာခဲ့သည်။

ရွှယ်ချန်ကျင်း၏စိတ်ထဲတွင် သို့လောသို့လောတချို့ဖြစ်နေမိ၏။ မြင်မြင်ချင်းတုန်းက သူဟာ အနည်းငယ်ကြောက်စရာကောင်းသော်လည်း နီးနီးကပ်ကပ်ကြည့်လိုက်ချိန်တွင်မူ တကယ်ကို တောက်ပနေခဲ့သည်။ ထိုဟာက ပျော်စရာကောင်းသည်ဟုသာ ရွှယ်ချန်ကျင်း ထင်မိသဖြင့် ထန့်ယွင်ဘက်လှည့်ကာ စတင်နှောက်ယှက်တော့၏။

ထန့်ယွင် ရွှယ်ချန်ကျင်းနှင့်စကားမပြောလိုပေ။ ပထမအချက် သူကဤလူက ကပြက်ချော်နိုင်လွန်းသည်။

အဆုံးမတော့ ထန့်ယွင်က ပို၍ရှေးရိုးဆန်သည်ပင်။ ဒုတိယအချက်မှာ ရွှယ်ချန်ကျင်းက နယ်စားမင်း၏အကြီးဆုံးမင်းသား ဖြစ်နေသောကြောင့်ဖြစ်၏။

သူအနေဖြင့် ယခုတွင် မြို့တော်ကိုတစ်ခါတစ်ရံပြန်လာရန်အတွက် ဆင့်ခေါ်စာတွေရရှိထားရပေမည်။ ဧကရာဇ်ထံမှဆင့်ခေါ်စာမရရှိပါဘဲ နယ်မြေကနေထွက်ခွာခြင်းသည် ကြီးလေးသော ရာဇဝတ်မှုဖြစ်၏။ ထန့်ယွင် ပြဿနာမတတ်ချင်ပေ ၊အထူးသဖြင့် ရွှယ်ချန်ကျင်း၏လက်ရှိ သူ့အပေါ်သဘောထားကြောင့် သူနောက်တစ်ကြိမ်ထပ်ရွေးခံရမှာကိုကြောက်မိလေသည်။

ရွှယ်ချန်ကျင်း ထန့်ယွင်ကို အကြာကြီး စကားပြောခဲ့ပေမဲ့ နံရံနှင့်စကားပြောနေရသလိုပင်။ တစ်ဖက်လူက သူ့ကို လုံးလုံးလျားလျား လျစ်လျူရှုထား၏။ ယင်းက သူ့နယ်မြေထဲမှာရှိနေစဥ်က လိုချင်သမျှရရှိခဲ့သော မင်းသားကို အလွန်မပျော်မရွှင်ဖြစ်စေသည်။

ရွှယ်ဟုန်ယန် ခဏလောက်ထိုင်နေပြီးနောက် ရွှယ်ချန်ကျင်း၏အပြုအမူကိုမကြိုက်ပေ။ သူက ထပြန်ရန်အဆင်သင့်ဖြစ်နေ၏။ ထန့်ရှန်က သူ့နောက်ကိုလိုက်သွားရင်း ထန့်ယွင်ကိုပြောလိုက်သည်။

"အကျည်းတန် ဧကရီ"Donde viven las historias. Descúbrelo ahora