Chapter 32
ထန့်ယွင် သက်ပြင်းချလိုက်သည်။ ထို့နောက်တစ်စုံတစ်ယောက်က သူ၏သက်ပြင်းချသံအတိုင်း ပဲ့တင်ထပ်အောင်လုပ်လိုက်သည်ကို ကြားလိုက်ရသည်။ သူ့မျက်လုံးထောင့်မှ အပြာနုရောင်ဝတ်ရုံဝတ်ထားသော ယောက်ျားတစ်ယောက်ကို ထန့်ယွင် မြင်လိုက်ရသည်။
ထိုလူက ရွှယ်ယွီဖြစ်သည်။
ရွှယ်ယွီက သူ့ဘေးနားရောက်လာပြီး ပြုံးပြလိုက်သည်။
" အရှင်မ ဘာလို့များ သက်ပြင်းချနေရတာများလဲ ..."ထန့်ယွင်က သူ့ကိုလှည့်မကြည့်ပဲ ပြောလိုက်သည်။
" အရှင်နယ်စားမင်းကရော ညစာစားပွဲမှာ ဘာလို့မရှိနေရတာလဲ ..."ရွှယ်ယွီရယ်လိုက်သည်။ သူ ရှေ့သို့တိုးလာပြီးနောက် ပြောလိုက်သည်။
" ညီမလေးယွင်ကြောင့်ဆိုတာ သိသာနေတာပဲလေ ..."
ရှို့ယောင် ပင့်သက်ရှိုက်လိုက်မိသော်လည်း ဘာမှမပြောရဲပေ။ သူမက ဧကရီ၏နောက်လိုက်အစေအပါးဖြစ်၍ ဧကရီနှင့် နယ်စားမင်းတို့ တစ်ယောက်နှင့်တစ်ယောက် သိနေသည်ကို လွယ်လွယ်မယုံနိုင်ဖြစ်နေသည်။ သို့ရာတွင် ရွှယ်ယွီ၏ စကားများကို ကြားလိုက်ရသည့်အခါ သံသယမဝင်ပဲ မနေနိုင်တော့ပေ။
ထန့်ယွင်ကလည်း ရယ်လိုက်သည်။
" အရှင်နယ်စားမင်းက ကျွန်မကို တစ်ယောက်ယောက်နဲ့ လူမှားနေပုံပဲ ..."
" ညီမလေးယွင် ဆိုလိုတာက ..."
ရွှယ်ယွီက ပြုံးနေဆဲဖြစ်သော်လည်း သူ့အပြုံးက အသက်မဝင်တော့ပေ။
" အရှင်မက အဲ့လို အခေါ်မခံချင်ဘူးလို့ ဆိုလိုချင်တာလား ..."
ထန့်ယွင်က သူ့ကိုတစ်ချက်ကြည့်ရုံသာကြည့်ပြီး ပြောလိုက်သည်။
" အရှင်နယ်စားမင်း ပြန်သွားသင့်နေပါပြီ ညစာစားပွဲက အရှင့်အတွက်လုပ်ပေးတာလေ ...အဲ့မှာ ရှိမနေဘူးဆိုတာ မဖြစ်သင့်ဘူး ..."
တစ်ဖက်လူ၏ မတုန်မလှုပ်ပုံစံကြောင့် ရွှယ်ယွီ၏ အမူအယာက အနည်းငယ် ရန်လိုပုံဖြစ်သွားသော်လည်း အမြန်ပြန်ပြုံးပြလိုက်သည်။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...