"အကျည်းတန် ဧကရီ"

1.3K 126 0
                                    

Chapter 91

ရွှယ်ကျွင်းလျန် သူ့ကို မျက်နှာချိုသွေး ခယဝယလုပ်နေကြသည့် ကိုယ်လုပ်တော်များကို မကြိုက်သလို ဝိုင်သောက်ရသည်ကိုလည်း မနှစ်သက်ပေ။ ထို့ကြောင့် ကိုယ်လုပ်တော်များအနေဖြင့် သူ့စီပစ်ဝင်၍မရကြဘဲ သဘာဝအတိုင်း ဧကရာဇ်၏ပြစ်တင် ရှုတ်ချခြင်းကိုမခံလိုကြချေ။ တာ့ဖေးက ပိုကောင်းသည့်​အနေအထားမှာရှိနေသည်ဟု မှတ်ယူ၍ရပေသည်။ အဘယ့်ကြောင့်ဆိုသော် တာ့ဖေးတွင် ယွီချန်ဟုခေါ်သည့် စစ်ရေး အောင်မြင်မှုတွေများစွာ ပြုလုပ်ထားပြီး ထန့်နှင့်စစ်ပွဲမှာအရေးပါခဲ့သော အစ်ကိုတစ်ယောက်ရှိနေသောကြောင့်ပင်။ သို့ပေမဲ့ သူဟာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီးနောက် သူ၏အောင်မြင်မှုများကို အနည်းငယ်မာန်တက်လာခဲ့ပြီး နောက်ပိုင်းတွင် ထန့်ယွင်လက်ထဲမှာရှုံးနိမ့်သွားသည်။ ထို့ကြောင့် ရွှယ်ကျွင်းလျန်က သူကို နန်းမြို့တော်သို့ ပြန်ခေါ်ပြီး ၎င်းနောက် သူ့နေရာကို အစားထိုးရန်ရွှယ်ဟုန်ယန်ကို စေလွှတ်ခဲ့သည်။

နှစ်တွေ တလျှောက်တွင် ရွှယ်ဝမ်က မည်သည့်ကိုယ်လုပ်တော်ကိုမှ ရာထူးလည်းတိုးမပေးသလို ရာထူးလည်းမလျော့ချခဲ့ပေ။ ထန့်ချမ်းယီက သူမ၏လုပ်ရပ်များကြောင့် ရာထူးအချခံလိုက်ရသည့် ကံဆိုးသူတစ်ဦးဖြစ်လေသည်။ တာ့ဖေးအနေဖြင့် အမြင့်တက်ချင်ခဲ့ပြီး အကယ်၍ သူမဧကရီဖြစ်မလာလျှင်တောင်မှ သူမအစ်ကို၏နောက်ခံဖြင့် ဟွမ်ကွေ့ဖေးဖြစ်လာအောင် ကြိုးစား၍ရနေသေးသည်။ မမျှော်လင့်စွာဖြင့် ရွှယ်ဝမ်က ယောကျာ်းတစ်ယောက်ကို ဟွမ်ကွေ့ဖေးတင်မြှောက်ချင်နေ၏။

လူတစ်ယောက်ဟာ အလွန်နိမ့်ပါးသည့်အနေအထားမှ မြင့်မားသည့်နေရာသို့ ပြောင်းသွားသောအခါ တွေ့ဆုံချိန်၌ လောကဝတ်က ကွဲ ပြားသွားမည်ပင်။ တာ့ဖေ့ သူမ၏တွက်ချက်မှုအားလုံးထဲတွင်ပင် သူမ သူမ၏ရာထူးကို ထန့်ယွင်အား ခန်းဝင်ပစ္စည်းအဖြစ်ပေးရခြင်းနှင့် အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်တုန်းကမျှစိတ်မကူးကြည့်မိခဲ့။ ရွှယ်ဝမ်ကတော့ သူ့စကားများအတိုင်းသာ လိုက်နာပြီး ထန့်ယွင်ကို ဘွဲ့နာမည်ခန့်အပ်လိုက်မည်ဖြစ်၏။

"အကျည်းတန် ဧကရီ"Where stories live. Discover now