Chapter 107
ရွှယ်ဝမ်က ထန့်ယွင်ကို တော်ဝင်နန်းတော်ထဲသို့ တိုက်ရိုက် ခေါ်ဆောင်ခဲ့သော်လည်း သူ့အား အနောက်နန်းဆောင်ကို သွားရန်အတွက် စီစဥ်မပေးခဲ့ပေ။
ကျန်းယွီက ထန့်ယွင်ကို မည်သည့်ဘေးဆောင်မှာထားမလဲဆိုသည်ကို ရွှယ်ကျွင်းလျန်အားမေးလိုက်သည်။
ရွှယ်ကျွင်းလျန်က စကားနှစ်လုံးကိုသာ ခပ်တိုတိုးဆိုလာ၏။
"ပင်မဆောင်"
ကျန်းယွီက ထန့်ယွင်၊သွားလေသူဧကရီနှင့် ထန့်ယင်းတို့ကြားက ဆက်စပ်မှုကိုမသိသောကြောင့် ရွှယ်ကျွင်းလျန်က ရုတ်တရက်ကြီး နယ်စားမင်းအပေါ် အဘယ်ကြောင့် အင်မတန် အာရုံစိုက်လာသည်ကို သူနားမလည်သော်လည်း ဧကရာဇ်၏မျက်နှာထက်ရှိ စိုးရိမ်မှုများကို သူမြင်နေရသဖြင့် စကားအများကြီးပြောမနေဆဲပင်။ ဧကရာဇ် အမိန့်ပေးသည့်အတိုင်းသာ သူလုပ်လိုက်သည်။
ရွှယ်ကျွင်းလျန် တော်ဝင်ကုသရေးရုံမှ ဝါရင့်တော်ဝင်သမားတော်အများအပြားကို ခေါ်လိုက်၏။ အနှီကျွမ်းကျင် တော်ဝင်သမားတော်များ၏မျက်လုံးထဲတွင်
မြှားဒဏ်ရာက ကိစ္စကြီးကြီးမားမားမဟုတ်ဟန်ပင်။ သူတို့အနေဖြင့် သူ့မှာ နှလုံးရောဂါရှိသည့်အတွက် ထန့်ယွင်၏ခန္ဓာကိုယ်ကိုသာ ဂရုစိုက်ရန်လိုလေသည်။ သူ့ဟာ အလွန်အမင်း ပျော်ရွှင်ရန်၊ အလွန်အမင်း စိုးရိမ်ရန်နှင့် အလွန်အမင်းဒေါသထွက်ရန် မသင့်တော်ပေ။ နှလုံးရောဂါပျောက်ကင်း သွားပါက သူ့ခန္ဓာကိုယ်က ထိန်းနိုင်စွမ်းရှိသွားပေမည်။
ရွှယ်ကျွင်းလျန် သူတို့ပြောစကားများကို နားထောင်ပြီးနောက် သူ အနည်းငယ် *အလုံးကြီးကျသွားသလိုခံစားလိုက်ရ၏။ သူက တော်ဝင်သမားတော်ကို ထန့်ယွင်၏ခန္ဓာကိုယ် ပြန်လည်ပြုပြင်ရန်နှင့် ကျန်းမာရေး ပြန်ကောင်းစေရန်အတွက် ဆေးညွှန်းရေးခိုင်းလိုက်သည်။ သူအနေဖြင့် မျက်နှာထက်မှာ အမာရွတ်များနှင့်ထန့်ယွင်အား ကြည့်ရသည်မှာ ကျင့်သားရနေလေပြီ။
(T/N–စိတ်အေးသွား)
တော်ဝင်သမားတော်က ရုတ်တရက် မေးလာ၏။
YOU ARE READING
"အကျည်းတန် ဧကရီ"
FantasyDescription စစ်မြေပြင်တွင် ၁၀နှစ်ကြာပြီးနောက် ထန့်ယွင်သည် သူ၏တိုင်းပြည်ကိုကာကွယ်ရင်း နယ်မြေချဲ့ထွင်နေသည့် ရွှယ်ကျွင်းလျန်နှင့် တွေ့ဆုံခဲ့သည်။ သူကိုယ်တိုင်က သူ့နှလုံးသားကို မြှားဖြင့်ပစ်ကာ အဆုံးသတ်စေခဲ့၏။သူနိုးထလာသည့်အချိန်တွင် အနှီယောက်ျား၏ ရုပ်ဆိ...